လက်လှည့် အတတ်ပညာသုံး ကာ ရွှေအ တုများပြုလုပ်ပြီး ရွှေဆိုင်နှင့် အ ပေါင်ဆိုင်များတွင် လိမ်လည်မှု အများအပြားဖြစ်ပေါ်လာကြောင်း သိရသည်။
ယင်းကဲ့သို့ မသမာသူများ ၏ လိမ်လည်မှုများမှ ကာကွယ် ရန် ရွှေထည်
ပစ္စည်းများတွင် အ လွယ်တကူသိရှိနိုင်သည့် ဆိုင် အမှတ်အသားထားရှိရန် လို
အပ်ကြောင်း အနောက်ပိုင်း ခရိုင်ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။
ရန်ကုန်မြို့ ၀ါးတန်းလမ်း ပန်ဒါဟိုတယ်၌ ဇန်န၀ါရီ ၇ ရက်ကပြုလုပ်ခဲ့ သည့်
မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ရွှေလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းပြု
လုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုရဲမှူးကြီးဝင်းကြည်က ““ရွှေဆိုင်တော်တော်များများ မှာ အဲဒီလိုလက်လှည့် ပညာ
တွေသုံးပြီး လိမ်ကြတဲ့အမှုတွေ များလာတယ်။ ရွှေဝယ်ချင် ဟန် ဆောင်ပြီး
ပါလာတဲ့ရွှေထည် ပစ္စည်းအတုနဲ့ အစစ်ကိုလဲတဲ့ ဖြစ်ရပ်တွေ မှာ ဆိုရင် အဲဒီလို
လုပ်မဲ့သူက အရင်ကတည်းက ဘယ်ဆိုင်မှာ ဘယ်လိုလက်ရာ လုပ်တယ်ဆိုတာ လေ့လာထား တာ။
ဆိုင်ပိုင်ရှင်တွေ၊ ၀န်ထမ်း တွေအနေနဲ့ ကိုယ့်ဆိုင်က ပစ္စည်း
မှန်းအလွယ်တကူသိအောင် (မာကာ)အမှတ်အသားတစ် ခုခုပြုလုပ်ထားပြီး ကာကွယ်
ထားသင့်တယ်။ ပြီးတော့ ရွှေ ဆိုင်အတွင်းမှာပဲ စီစီတီဗွီတပ် ရမှာမဟုတ်ဘူး။
အပြင်ဘက် ကိုလည်း မြင်လို့ရအောင် စီစီ တီဗွီတပ်ဖို့လိုတယ်။ ကျွန်တော်
တို့ရဲတပ်ဖွဲ့တွေအနေနဲ့လဲ ရွှေ ဆိုင်တွေရဲ့ အနီးဝန်းကျင်တွေ မှာ ပတ်ကင်းတွေ
ထားပေးထား ပါတယ်””ဟုပြောသည်။
ယင်းကဲ့သို့ ရွှေထည် ပစ္စည်းများအတုပြုလုပ်ကာ လိမ်လည်မှုများ သည် ရွှေဆိုင်
များတွင်မကဘဲ အပေါင်ဆိုင် များတွင်ပါ အလားတူအဖြစ် မျိုးများ
ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။
““ဒီလိုမျိုးဖြစ်စဉ် ကျွန် တော့်ဆိုင်မှာတင်ပဲ လေးငါးခါ လောက်
ကြုံဖူးတယ်။ မှတ် မှတ်ရရ လက်ကောက်သုံးကွင်း၊ ဆွဲကြိုးသုံးကြိုး ဖြစ်ဖူးတယ်။
ဒါက ဆိုင်တိုင်းလိုလို ကြုံဖူး ကြတယ်။ ဒီလိုလိမ်မယ့်သူက ပထမတစ်ရက်
လာကြည့်တယ်။ နောက်နေ့ကျမှ အဲဒီပစ္စည်းပုံ တူအတုလုပ်ပြီး လာလဲတာဖြစ် တယ်။
ဆိုင်တွေအနေနဲ့လဲ အမှတ်အသားတော့ ပေးထား တယ်။ ဒါပေမဲ့ အမှတ်အသား က
သေးသေးလေးဆိုတော့ ဆိုင်အရောင်းဝန်ထမ်းတွေအ နေနဲ့ အမှုမဲ့အမှတ်မဲ့ခံရတာ
မျိုးလဲရှိတယ်””ဟု တိတ်စိန်ရွှေ ဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။
ယင်းနှင့်ပတ်သက်၍ သု ၀ဏ္ဏမြို့နယ်ရှိ ရေစက်အပေါင် ဆိုင်မှ
တာဝန်ရှိသူတစ်ဦးက ““အခုတလော ရွှေအတုလာ ပေါင်တဲ့ သူတွေ တော်တော် များလာတယ်။
တချို့ဆိုရင် အ တုနဲ့ အစစ်ရောထားတာတွေ ရှိလို့ သေချာစစ်ဆေးရတယ်။ သေချာ
မှတ်ကျောက်တိုက်ရ တယ်။ ဒီလိုမှမဟုတ်ရင် အ လိမ်ခံရတာပဲ””ဟုပြောသည်။
ရွှေဆိုင်အပေါင်ဆိုင်များ အနေဖြင့်လည်း လုံခြုံရေးနှင့်
ပတ်သက်သည့်အရေးကြီးကိစ္စ များဖြစ်ပေါ်လာပါက သက်ဆိုင် ရာနီးစပ်သည့်ရဲစခန်းသို့
အချိန် မရွေးအကြောင်းကြားကြရန် အနောက်ပိုင်းခရိုင်ရဲရုံးမှ ဒုရဲ
မှူးကြီးဝင်းကြည်က ရွှေဆိုင်များ ကို အသိပေးပြောကြားသည်။
Yangon media group

No comments:
Post a Comment