( Unity Journal -10-1-2014)
ဆရာစံလမ်းရှိ AMBO
ဟိုတယ်မှာ ဒေါက်တာနေဇင်လတ်ပိုင်ဆိုင်သောဟိုတယ်တစ်ခုဖြစ်ပြီး ပြည့်တန်ဆာ
လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်၊
အခန်းက
သုံးသောင်းပေးရပြီး၊ ဝိတ်တာတွေက ကောင်မလေးတွေနဲ့ပျော်ပါးချင်ရင်
ခေါ်လာပြပေးပါတယ်၊ လေးငါးယောက်လောက်ခေါ်လာပြပြီး ကြိုက်ရာရွေးခေါ်လို့ရကြောင်း
သိရှိရပါသည်၊ အခန်းခရော ကောင်မလေးခေါ်ခပါ ထည့်တွက်ရင် ၆၅၀၀၀
လောက်ကျခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ဆိုပါတယ်၊
၎င်းလည်းဟော်တယ်တွင်
အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်းလူကြီးများ
ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်းတစ်ဦးက
ဖြေကြားပေးသွားပါတယ်၊
သူဌေးကတော့တစ်ခါတလေ လာတယ်၊သူဌေးမိန်းမကတော့
နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊
ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်းရှိကြောင်း အဆိုပါဝန်ထမ်းမှ
ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊
အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို
ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ
ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့
နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊
နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း
သိရှိရပါသည်--။

No comments:
Post a Comment