ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကို
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် အစားထိုး
ခန့်အပ်လိုက်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၉ ရက်ရက်စွဲနဲ့
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦးအစားထိုးခြင်းဆိုတဲ့
ထုတ်ပြန်ကြေညာချက်မှာ လက်ရှိ တပ်မတော်သား ပြည်သူ့ လွှတ်တော်အမတ်တွေကို ၎
ဦးကို အစားထိုးရာမှာ တပ်မတော်က အမျိုးသမီး အရာရှိ ၂ ဦး ပါလာတာပါ။
ခန့်အပ်ခံရတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်အမတ် ၂ ဦးက
ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်၊ ဒုတိယဗိုလ်မှူးကြီး
ဒေါ်စန်းသီတာခင်တို့ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေက ကြေညာပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်တွေဟာ
ပထမဆုံးသော အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ
ဖြစ်တဲ့အကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက
ပြောပါတယ်။
အခုလို အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်တွေ အစားထိုးလိုက်တဲ့ အပေါ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း
က“လက်ရှိ အခြေအနေအရ ကျမတို့ တိုင်းပြည်ရဲ့ သွားနေတဲ့ လွှတ်တော်
နိုင်ငံရေးပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ် ပြောင်းလဲသွားတဲ့နေရာမှာတော့
ကျမအနေနဲ့ ဒီအပေါ်မှာ အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်ပဲဖြစ်ဖြစ်
အမျိုးသားတပ်မတော်သား ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ပြည်သူလူထု လိုအပ်ချက်အရ
ပြောင်းလဲတာကိုပဲ ကျမတို့က လက်ခံချင်တယ်။”လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့
တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်စရာမလိုဘဲ
လွှတ်တော်အသီးသီးမှာ ၂၅ ရာခိုင်နှုန်း အလိုအလျောက်နေရာ ရရှိထားတာ ဖြစ်ပါတယ်။
by dvb

No comments:
Post a Comment