ဘုရားရှင် လက်ထက် က သမိုင်းဝင် အမွေ အနှစ် ဖြစ် တဲ့ ကျောက်သပိတ်တော်
ကြီးကို အာဖဂန် နစ္စတမ် က နေ ပြန်တောင်း ဖို့  အန္ဒိယ က ကြိုးစား နေ ပြီ ဖြစ်
ပါတယ်။
ပေါင် ၈၈၀ ကျော် လေးတဲ့ သပိတ်တော် ကြီး ကို ဘုရားရှင် လက်ထက် က အန္ဒိယ ဘုရင်
တစ်ပါး က လှုဒါန်းထား တာ ဖြစ် ပြီး ၊ အခု ခောတ်နဲ့  ဆို ပါကစ္စတန် နိုင်ငံ
ပက်ရှဝါ ပြည်နယ် လောက် မှာ မြတ် ဗုဒ္ဓ က အလှုခံ ခဲ့ တာ လို့  သမိုင်း ပညာရှင် တွေ က ဆို ပါတယ်။
၁၈ ရာစုနှစ် ရှေးဟောင်း သုတေသန နဲ့  ဗြိတိသျှ သမိုင်း ပညာရှင် Alexander
Cunningham က သူရဲ့  မှတ်တမ်း မှာ သပိတ် တော် ကြီး အိန္ဒိယ မှာ ဆင်နဲ့ 
သယ်စဉ်
က ဆင် က သပိတ်ရဲ့  အလေးချိန် ကို မခံ နိုင်လို့  ယိုင်လဲ သွား တယ် လို့  ဆို ပါတယ်။
အန္ဒိယ က သပိတော် ကြီး ကို ပြန်တောင်း မှာ ဖြစ် သလို ၀ိတိုရိယ ဘုရင်
မကြီး က၁၈၇၇ ခုနှစ် မှာ သူဟာ အန္ဒိယ ပြည့် ရှင် အဖြစ် ကြေငြာ တော့ သရဖူ အလည်
က
၁၀၅ ကာရက် ရှိ တဲ့ စိန်ကြီး ကို လည်း ပြန်တောင်းမှာ ဖြစ် ပါတယ်။
အိန္ဒိယ က အာဖဂန် နစ္စတန် မှာ ရှိ နေတဲ့ ဗုဒ္ဓ အမွေ အနှစ် တွေ ပြန်ရ
အောင်ကြိုး ပမ်းမှု ဟာ ၂၀၀၁ ခုနှစ် မှာ တာလီဘန် က ဗုဒ္ဓ ရှေးဟောင်း
ဆင်းတုတော် ကြီး ကို ဗုံးခွဲ ဖြိုချ ပြီး ကတည်း က ဖြစ် ပါတယ်။
၂၀၁၀ ခုနှစ် မှာ တုန်းက ဗြိတိသျှ ၀န်ကြီး ချုပ် ဒေးဗစ် ကင်မရွန် က စိန်ကြီး ကို အန္ဒိယ နိုင်ငံ ကိုပြန်ပေး ဖို့  ငြင်းဆန် ခဲ့ ပါတယ်။
Credit: FNG

No comments:
Post a Comment