အိန္ဒိယအရှေ့ပိုင်း အနောက်ဘင်ဂေါပြည်နယ်က ရွာတရွာမှာ
မိန်းကလေးတယောက်ကို တခြားရပ်ရွာက ယောက်ျားတယောက်နဲ့ ချစ်ကြိုက်မှုအတွက်
ပြစ်ဒဏ်အနေနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ဖို့ ကန်ဂါရူတရားရုံးက အမိန့်ချ
စီရင်ခဲ့မှုကို အိန္ဒိယနိုင်ငံရေးသမားတွေက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။
အသက် ၂၀ ပြည့်ခါစ အမျိုးသမီးတယောက်ကို သူရွာက ယောက်ျား ၁၂
ယောက်ပါတဲ့အုပ်စုက ဇန်န၀ါရီ ၂၂ ရက်က မုဒိမ်းကျင့်ခဲ့တယ်လို့
ဆိုပါတယ်။
စာလီရှိဆာဘာလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ တရားစီရင်တဲ့
ဝန်ဆောင်မှုပေးတဲ့ အုပ်စုက ခုလို အမိန့်ပေးခဲ့တာလို့ မီဒီယာတွေက
ဖော်ပြပါတယ်။
အိန္ဒိယရဲ့ လက်ရှိ အာဏာရကွန်ဂရက်ပါတီက အနောက်ဘန်ဂေါပြည်နယ်ရဲ့ ဥက္ကဋ္ဌ ပရာဒိ
ဘာတာချာယာကတော့ အနောက်ဘန်ဂေါပြည်နယ်ကို အုပ်ချုပ်နေတဲ့ တရိနာမူး
ကွန်ဂရက်ပါတီနဲ့ ၀န်ကြီးချုပ် မာမာတာ ဘာနာဂျီးတို့ကို ဒီဖြစ်ရပ်အပေါ်
မသိကျိုးကျွံပြုမှုအတွက် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ယောက်ျားအုပ်စုက ထပ်ပြန်တလဲလဲ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်လို့
သတင်းထောက်တွေကို ပြောအပြီး မိန်းကလေးကတော့ ဆေးရုံတင်ပို့ စစ်ဆေးမှု
ခံယူနေပါတယ်။
မိန်းကလေးရဲ့မိသားစုက တရားဝင် တိုင်ကြားအပြီး ရဲတွေက လူအတော်များများကို ဖမ်းဆီးခဲ့ပါတယ်။
ခုလို မုဒိမ်းမှုကို ထောက်ခံအားပေးခဲ့မှုအတွက် တရွာလုံးကို အရေးယူဖို့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင်း အုပ်စုလိုက် မုဒိမ်းကျင့်မှုတွေဟာ ပြီးခဲ့တဲ့
၂၀၁၂ ဒီဇင်ဘာလအတွင်း မောင်းနေဆဲ ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူတယောက်
မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီးတဲ့နောက် လူထု အာရုံစိုက်မှု ရခဲ့တာ
ဖြစ်ပါတယ်။
အိန္ဒိယအစိုးရစာရင်းအင်းဗျူရိုက စစ်တမ်းအရ နိုင်ငံတွင်း မိနစ် ၂၀
တိုင်း မုဒိမ်းမှု ဖြစ်ပွားနေပြီး မုဒိမ်းမှု ၁၀ မှုမှာ ၄ မှုသာ
တိုင်ကြားလေ့ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြ ထား ပါတယ်။
DVB

No comments:
Post a Comment