ဂြိုလ်တုကနေ လွှင့်ထုတ်ပေးနေတဲ့ စကိုင်းနက် အခပေး ရုပ်သံ ကုမ္ပဏီဟာ
ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ဘောလုံးပွဲစဉ်တွေကို လာမယ့် ၂၀၁၇ – ၁၈
ခုနှစ်အထိ နောက်ထပ် ၃ နှစ် ထုတ်လွှင့်ခွင့် ရရှိခဲ့တယ်လို့ MNTV ချန်နယ်
တာဝန်ရှိသူ ကိုရဲမင်းဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။ စကိုင်းနက်ဟာ နဂိုက ချန်ပီယံလိဂ် အပါအ၀င် ဥရောပဘောလုံးပွဲစဉ်တွေကို ၂၀၁၂
ကနေ ၂၀၁၅ အထိ စာချုပ်ချုပ် ထုတ်လွှင့်ခွင့် ရရှိထားပြီး အခု နောက်ထပ် ၃
နှစ် စာချုပ်ချုပ်နိုင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာပြည်မှာ လူကြိုက်အများဆုံး အင်္ဂလန်
ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဒေသတွင်း
ထုတ်လွှင့်ခွင့် တဦးချင်းမူပိုင် ရရှိခဲ့တာကြောင့် စကိုင်းနက် အခပေး
ဂြိုလ်တုရုပ်သံလိုင်း ကြည့်ရှု့သူ အရေအတွက် တိုးတက်လာပါတယ်။
စကိုင်းနက်ဟာ ပြီးခဲ့တဲ့နှစ် ဂျပန် အန်အိတ်ခ်ျကေ ချန်နယ် ထုတ်လွှင့်မှု
မိတ်ဆက်ပွဲမှာ ကြည့်ရှုသူ စုစုပေါင်း ၂ သိန်းဝန်းကျင်ရှိတယ်လို့ တရားဝင်
ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့်
နောက်ပိုင်း ကြည့်ရှု့သူ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပါဘူး။
DVB

No comments:
Post a Comment