ယူကရိန်းသမ္မတ ရာနိုကိုဗစ်နဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ
ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ အခြားနယ်တွေကို ကူးစက်သွားပြီး ဆန္ဒပြသူတွေဟာ
ပြည်နယ်အဆင့် အစိုးရ အုပ်ချုပ်ရေး ရုံးတွေကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။
သမ္မတ ရာနိုကိုဗစ်နဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ
ခဲ့ကြပေမယ့် အဖြေ တစုံတရာ မထွက်ပဲ ပြီးဆုံးခဲ့ပါတယ်။ သမ္မတရာနိုကိုဗစ် ဟာ
ဆန္ဒပြပွဲတွေနဲ့ သမ္မတရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့
အတိုက်အခံတွေက ဆိုပါတယ်။
ဒါကြောင့် အတိုက်အခံခေါင်းဆောင် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ကလစ်ခ်ျကို က
ဆန္ဒပြပွဲတွေ အရှိန်မြှင့်တင်ဖို့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဇန်န၀ါရီလ ၂၂ ရက်နေ့ အစောပိုင်းက ရဲတွေရဲ့ ပစ်ခတ်ဒဏ်ရာနဲ့ ဆန္ဒပြသူ ၃ ဦး
ကိဗ်မြို့မှာ သေဆုံးခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေဟာ တခြားနယ် တွေကို
ကူးစက်သွားခဲ့ပါတယ်။
ယူကရိန်းအနောက်ပိုင်းက ရီဖ်နီ ပြည်နယ်၊ ယူကရိန်းအလယ်ပိုင်းက
ချယ်ကစီမြို့၊ ပိုလန်နဲ့ နယ်စပ်မြို့ လဗစ်မြို့တွေမှာ ဇန်န၀ါရီလ ၂၃ ရက်နေ့က
ဆန္ဒပြသူတွေဟာ အစိုးရ အုပ်ချုပ်ရေးရုံးတွေကို ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။
ယူကရိန်းဆန္ဒပြပွဲတွေဟာ ၂ လကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဆန္ဒပြပွဲတွေကို
နှိမ်နင်းဖို့ ပြီးခဲ့တဲ့အပတ်က ဥပဒေတွေကို ထုတ်ပြန်ခဲ့ပေမယ့်
ဆန္ဒပြပွဲတွေဟာ ပိုမိုပြင်းထန်ခဲ့တာပဲ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment