မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်တစ်ချို့က ကန့်ကွက် မှုတွေ ရှိနေပေမယ့်
မွန်ပါတီနှစ်ခု ပူးပေါင်းဖွဲ့စည်း ထားတဲ့ ပါတီအသစ် "မွန်အမျိုးသားပါတီ" ကို
လာမယ့် ဖေဖေါ်ဝါရီလထဲမှာ မှတ်ပုံတင်သွားမယ်လို့ မွန်အမျိုးသားပါတီရဲ့
ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်ဗလက RFA ကို ပြောပါတယ်။
မွန်ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ကြိုးပမ်းတဲ့ လူထုရှင်းလင်းပွဲကို
ဒီနေ့ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့စဉ်
နိုင်အောင်ဗလက အခုလို ပြောပါတယ်။
“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့
မပေါင်းချင်တဲ့လူလည်းရှိတယ်၊ ပေါင်းချင်တဲ့လူ လည်းရှိတယ်၊ ပေါင်းချင်တဲ့လူက
လာပေါင်းတယ်၊ မပေါင်းချင်တဲ့လူက ပါတီကိုမဖျက်ဘဲနဲ့ ဒီအတိုင်း
ပဲဆက်သွားမယ်၊ အမြန်ဆုံးဖြစ်အောင်တော့ ပြောထားတယ်၊ ဒီဖေဖော်ရီလ
မကုန်ခင်မှာဖြစ်အောင် ကြိုးစားရမှာပေါ့”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ဒီမိုကရေစီပါတီက
ခေါင်းဆောင်တွေဟာ မွန်အမျိုးသားပါတ်ီအဖြစ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂
ရက်နေ့က အတည်ပြုခဲ့တာပါ။
မွန်ဒီမိုကရေစီပါတီဟာ လွန်ခဲ့တဲ့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကတည်းက
တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်နဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာ ကိုယ်စားလှယ်ဦးရေ ၁၆
ယောက်လောက်ရှိပါတယ်။
DVB

No comments:
Post a Comment