Thursday, January 30, 2014

တယ်လီနောနှင့် အူရီးဒူးအော်ပရေတာနှစ်ခုကို လုပ်ငန်းလိုင်စင် စတင်ချပေးပြီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးအော်ပရေတာအတွက် ရွေးချယ်ထားသော ပြည်ပ အော်ပရေတာ နှစ်ခုဖြစ်သည့် တယ်လီနောနှင့်အူရီးဒူး ကုမ္ပဏီနှစ်ခုကို လုပ်ငန်းလိုင်စင် စတင်ချထား ပေးလိုက်ပြီ ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဇန်န၀ါရီ ၂၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဆက်သွယ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် ပြည်တွင်းအော်ပရေတာ နှစ်ခုနှင့် ပြည်ပအော်ပရေတာ နှစ်ခု ကို ရွေးချယ်ထားပြီး လုပ်ကိုင်ရန်အဆင်သင့် ဖြစ်နေပြီ ဖြစ်သော ပြည်ပအော်ပရေတာ နှစ်ခုကို လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ချထားပေး လိုက်ပြီဖြစ်သည်။
ဦးသန်းထွန်းအောင်က “ပြည်ပအော်ပရေတာ အူရီးဒူးနဲ့ တယ်လီနောကို လိုင်စင်အတွက် ခွင့်ပြုလိုက် ပါပြီ။ မနက်ဖြန် (ဇန်န၀ါရီ ၃၀) မှာ အူရီဒူးနဲ့ လုပ်ကိုင်ခွင့် လိုင်စင်အတွက်လက်မှတ်ရေးထိုးဖို့ရှိတယ်” ဟု ဆိုသည်။
တယ်လီနောကုမ္ပဏီဖြင့်မူ ဖေဖော်ဝါရီလဆန်းပိုင်းတွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။
ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသွားသော အူရီးဒူးကုမ္ပဏီကလည်း အဆိုပါဆက်သွယ် ရေးလိုင်စင်အတွက် ဇန်န၀ါရီ ၃၀ ရက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနနှင့် လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်ဟု မဇ္ဈိမသတင်းဌာနကို ဇန်န၀ါရီ ၂၉ ရက်က အတည်ပြု ပြောကြားသည်။
အလားတူတယ်လီနော ကုမ္ပဏီကိုလည်း ဆက်သွယ်ရေးလိုင်စင် အတည်ပြုပြီးဖြစ်ရာ ၊လိုင်စင်ဆိုင်ရာ စာရွက်စာတမ်း အပြည့်အစုံကို တယ်လီနောဘက်မှ စိစစ်သုံးသပ်မှုများပြုလုပ်နေပြီး လိုင်စင်လက်ခံရန် သတ်မှတ်ထားသော အချိန်အတွင်း အစိုးရထံသို့ တရားဝင်အကြောင်းပြန်သွားမည်ဖြစ်သည်ဟုလည်း မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံတွင်ဆက်သွယ်ရေး လုပ်ငန်းဝန်ဆောင်မှုကို ပြည်ပအော်ပရေတာ တယ်လီနော၊ အူုရီးဒူးနှင့် ပြည်တွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့တို့က ၀န်ဆောင်မှုပေးမည်ဖြစ်ပြီး ရတနာ ပုံတယ်လီပို့ကိုမှု လုပ်ငန်းလိုင်စင်ချပေးထားခြင်း မရှိသေးကြောင်း ဦးသန်းထွန်းအောင်က ပြောသည်။
၎င်းက “ပြည်တွင်းအော်ပရေတာ နှစ်ခုမှာ မြန်မာ့ဆက်သွယ်ရေးကတော့ လက်ရှိ လုပ်ငန်းလုပ်နေတာ ပဲလေ၊ လိုင်စင်ကရှိပြီးသားပေါ့။ ရတနာပုံကတော့ သူ့ဘက်က ပါတနာရွေးတာတွေ လုပ်နေသေးတယ်။ ပြီးတာနဲ့သူတို့ကိုလည်း လိုင်စင်ပေးမှာပဲ” ဟု ဆိုသည်။
လုပ်ငန်းလိုင်စင်ရရှိမည့် ကာတာနိုင်ငံ အခြေစိုက် အူရီးဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် ဆင်းမ် ကတ်များ စတင်ချထားပေးနိုင်မည်ဟု ပြောကြားထားပြီး နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောက လိုင် စင်ရပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်ရောင်းချနိုင်မည်ဟု ဆိုထားသည်။

Mizzima

No comments:

Post a Comment