ရန်ကုန်၊ ဇန်န၀ါရီ ၁၆
၃၀.၈.၂၀၁၃ ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြို့နယ်ရှိ
---ပွဲရုံကိုယ်စားလှယ် ဦးမြကြိုင်သည် ပွဲရုံပိုင်ရှင်၏
ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ ပီနံအိတ်(၂)လုံးအား ပွဲရုံပိုင်၂ခ/---
4Dအမျိုးအစား (၆)ဘီးယာဉ်၏ ခေါင်းနောက်ဘက်ခန်းတွင် တင်ဆောင်၍
ယာဉ်မောင်း၊ယာဉ်နောက်လိုက် တို့နှင့်အတူယာဉ်၏ ခေါင်းရှေ့ခန်းတွင်
စီနင်းခဲ့ပြီး လှိုင်သာယာမြို့နယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့
ထွက်ခွာလာခဲ့ ကြကြောင်း၊ ထိုသို့ယာဉ်အား မောင်းနှင်လာစဉ် ၂၀၄၅ အချိန်ခန့်၌
ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာကွေ့အရောက်တွင် အမည်မသိအမျိုးသမီး(၂)ဦးမှ
လမ်းကြုံလိုက်လိုသဖြင့်ယာဉ်၏ ခေါင်းရှေ့ခန်းတွင်(၁)ယောက်၊
ငွေထုပ်ရှိရာယာဉ်၏ခေါင်းနောက်ဘက်ခန်းတွင်(၁)ယောက်ခေါ်တင်ကာ
ဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါအမျိုးသမီး(၂)ဦးမှာ
ထန်းတပင်မြို့နယ်၊
ပန်တိုင်ကျေးရွာအလွန်တွင် ဆင်းသွားခဲ့ကြကြောင်း၊
၎င်းအမျိုးသမီး(၂)ဦး ဆင်းသွားပြီးနောက် ငွေအိတ်အား ကြည့်ရာအိတ်မှာ
(၂)ချက်ကွဲနေပြီး အတွင်းမှငွေ(၁၀၇)သိန်းမှာ ပျောက်ဆုံးနေကြောင်း
သိရှိရသဖြင့် အမျိုးသမီး(၂)ဦးအား စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍
၁.၉.၂၀၁၃ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခန်း (ပ)၈၅/၂၀၁၃၊ ပုဒ်မ
၃၇၉(နှိုက်)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စုံစမ်းဖော်ထုတ်ဆောက်ရွက် ခဲ့ပါသည်။အမှုနှင့်ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် အစဉ်တစိုက်စုံစမ်းဖော်ထုတ်ခဲ့ရာ
အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြသော လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်နေ
ယွန်းငယ်(ခ)အောင်စိုးနှင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ
ရတနာပုံ(ခ)ကျော်မိုးနိုင်တို့အား ၁၀.၁.၂၀၁၄ရက်နေ့ ၁၇၃၀ အချိန်တွင်နေအိမ်
အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့(၂)ဦးအား စစ်ဆေးခဲ့ရာ
၎င်းတို့(၂)ဦးနှင့်မနှဲလေး(ခ)နန်းဝေဦး တို့သည်အမျိုးသားများဖြစ်ကြပြီး
ညအချိန်များတွင် မိန်းမအသွင်ဆောင်၍ ပြည့်တန်ဆာအလုပ်အား
အဝေးပြေးကုန်တင်ယာဉ်များတွင်လိုက်ပါ လုပ်ကိုင်လေ့ရှိကြောင်း၊
အခင်းဖြစ်နေ့ညတွင် ၎င်းတို့(၂)ဦး သည် မနှဲလေး(ခ)နန်းဝေဦး နှင့်အတူ
လှိုင်သာယာမြို့နယ်၊သမကုန်းအ၀ိုင်းတွင် ပြည့်တန်ဆာ
ကိစ္စလုပ်ကိုင်ရန်ရောက်ရှိခဲ့ကြောင်း၊
ရတနာပုံ(ခ)ကျော်မိုးနိုင်၏ဆိုင်ကယ်ဖြင့်(၃)ဦးအတူစန္ဒယော်ကျေးရွာသို့သွားရောက်ခဲ့ကြောင်း၊
အခင်းဖြစ်မော်တော်ယာဉ်အားတွေ့ရှိခဲ့ပြီး ယွန်းငယ်(ခ)အောင်စိုးမှ
ယာဉ်၏ခေါင်းရှေ့ခန်းမှလည်းကောင်း၊ မနှဲလေး(ခ)နန်းဝေဦးမှ
ယာဉ်၏ခေါင်းနောက်ဘက်ခန်းမှလည်းကောင်း စီးနင်းလိုက်ပါခဲ့ကြကြောင်း၊
အဆိုပါယာဉ်၏နောက်မှ
ရတနာပုံ(ခ)ကျော်မိုးနိုင်ကဆိုင်ကယ်ဖြင့်အသင့်လိုက်ပါခဲ့ကြောင်း၊ လမ်းတွင်
မနှဲလေး(ခ)နန်းဝေဦးမှ ငွေအိတ်အတွင်းမှ ပိုက်ဆံများအား
ခိုးယူထားခဲ့ကြောင်း၊ ပန်တိုင်ကျေးရွာအရောက်တွင် ယာဉ်ပေါ်မှ ဆင်းခဲ့ကြပြီး
ရတနာပုံ(ခ)ကျော်မိုးနိုင်လိုက်ပါမောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့်
လှိုင်သာယာမြို့နယ်သို့ပြန်ခဲ့ကြကာ ခိုးယူရရှိသည့် ငွေများအား
ခွဲဝေယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ဖမ်းဆီးရမိသူ
ယွန်းငယ်(ခ)အောင်စိုးနှင့် ရတနာပုံ(ခ)ကျော်မိုးနိုင်တို့ထံမှ
ခိုးယူရရှိသည့်ငွေများဖြင့် ၀ယ်ယူထားသည့် ပစ္စည်းများနှင့်ငွေအချို့အား
ပြန်လည်သိမ်းဆည်းခဲ့ပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့်
မနှဲလေး(ခ)နန်းဝေဦး(စုံစမ်းဆဲ)အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment