ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ေ
ကျာ်ကြားနေသော KTV ဆိုင်တစ်ဆိုင်အား ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ
ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပုသိမ်မြို့ အမှတ်(၁) နယ်မြေ
စကားဝါ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ပန်းကြာဖြူ ကာရာအိုကေ ဆိုင်အား
ဇန်န၀ါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်က ပြည်သူများ၏ သတင်းပေးချက်အရ အမှတ် (၂)
ရဲစခန်းမှ ၀င်ရောက် ဖမ်းဆီးမိခဲ့ပြီး အမျိုးသမီး ၃ ဦးအား (ပ) ၃/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃(က)(ခ) တို့အရ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ပုသိမ်မြို့နယ်
တရားရုံးတွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ
ကာရာအိုကေဆိုင်မှာ အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာ များပေါ်တွင်
အနှိပ်ခန်းအဖြစ် နာမည် ကျော်ကြားနေပြီး ပုသိမ်မြို့ပေါ်တွင် တရားဝင်
လိုင်စင်ရ ကာရာအိုကေဆိုင်ပေါင်း ၅၀ ကျော်ရှိကြောင်း၊၊ …ကာရာအိုကေ
လိုင်စင်ဆိုသည်မှာ မိသားစုသုံး ကာရာအိုကေခန်းများ အဖြစ်ထားရှိရပြီး
အမျိုးသမီးများဖြင့် ဧည့်ခံခွင့် မရှိကြောင်း၊ တချို့ကာရာ အိုကေ
ဆိုင်များမှာ တရားဝင် ခွင့်ပြုမထားသော အနှိပ်ခန်းများပါ တွဲဖွင့်ထားပြီး
အချို့မှာ လိုင်စင်မရှိဘဲ အရက်၊ ဘီယာများ ရောင်း ချနေကြကြောင်း၊ အချို့
အနှိပ်ခန်းများမှာ သင့်တင့်သော ငွေကြေး ယူ၍ ပြည့်တန်ဆာ လုပ်ငန်းများပါ
လုပ်ကိုင်နေကြကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ
ဆိုင်များသို့ အနယ်နယ် အရပ်ရပ်မှ မိန်းကလေး၊ ယောက်ျားလေး များ လာရောက်
အလုပ်လုပ်ကြပြီး အချို့ မိန်းကလေးများမှာ လုပ်ငန်း အကြောင်း နားမလည်ဘဲ
မက်လုံးပေး စည်းရုံး သိမ်းသွင်းခံခဲ့ရကာ အချို့မှာ လုပ်ငန်းအကြောင်း
နားလည်သော်လည်း စားဝတ်နေရေး အခက်အခဲ များကြောင့် လုပ်ကိုင်ခဲ့ရပြီး
အချို့မိန်း ကလေးများမှာ ယခု ကဲ့သို့ ငွေရလွယ်သော လုပ်ငန်းပေါ်တွင်
သာယာပျော်မြူးပြီး အလုပ်ကြမ်း မလုပ်လို တော့ဘဲ အဆိုပါ အလုပ်တွင် ပျော်မွေ့
နေကြကြောင်း အဆိုပါ လုပ်ငန်းဖြင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦးက
မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။
““ကျွန်မက အိမ်ထောင်ပျက်
တစ်ယောက်ပါ။ ကလေးတွေလည်း ရှိတယ်။ စားဝတ်နေရေး မပြေလည်တော့ ဒီအလုပ်ကို
လုပ်ရတာပေါ့၊ အပြင်အလုပ်လည်း မလုပ်တတ်ဘူး။ ငွေလေးစုပြီး အရောင်းအ၀ယ်
လုပ်ကြည့် တော့လည်း အရှုံးတွေချည်း ဖြစ်နေတယ်။ ဒီအလုပ်က ငွေရလွယ်တယ်လေ၊
ချူတတ်ဖို့ပဲ လိုတယ်၊ ဆိုင်ပိုင်ရှင် ဆီကိုတော့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေက
လိုင်းကြေး လာကောက်တယ်၊ တချို့ လူကြီးတွေ ဆိုရင် FOC ဆိုပြီး အလကား
ဝင်ရတယ်။ သူတို့အလိုမကျရင် အရိုက်အနှက် ခံရတယ်။ ပိုင်ရှင်ကလည်း
ဆိုင်ပိတ်ရမှာစိုး လို့ဝင်မပြောရဲဘူး”” ဟု ကာရာအိုကေ ဆိုင်များတွင်
ဝင်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယခုကဲ့သို့
အမျိုးသမီးလေးများ၏ ဘ၀ လမ်းမှန် ရောက်နိုင်ရေး အတွက် နိုင်ငံတော်မှ
စီမံကိန်းများ ချမှတ် ဆောင်ရွက်၍ အမျိုးသမီးများ၏ အခွင့်အရေး
အပြည့်အ၀ရရှိရန် ဖော်ဆောင် ပေးသင့်ကြောင်း Cedol အလုပ်ရုံ ဆွေးနွေးပွဲများ
တက်ရောက်ဖူးသူ HRWDN မှ ဒေါ်စန်းစန်းက မြန်မာသံတော်ဆင့်သို့ သုံးသပ်
ပြောကြားသည်။
Myanmartandawsint Newspaper

No comments:
Post a Comment