မလေးရှားနိုင်င်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် တရားမဝင်
မြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မလေးရှားနိုင်ငံရှိ
မြန်မာသံရုံးကို ဆက်သွယ်ကာ ပြန်လာနိုင်သည်ဟု အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူးလုံးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က
မဇ္ဈိမကိုပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို သုံးလ စီမံချက်ဖြင့်
လိုက်လံဖမ်းဆီး မြန်မာနိုင်ငံသား ၅၅၅ဦးကို ဖမ်းဆီး အရေးယူထားသည်ဟု
မလေးရှားသတင်းဌာန Bernamaက ဖော်ပြထားသည်။
"မလေးရှားသံရုံးကို ဦးမင်းမင်းဝင်းကို လွှတ်ပေးထားတယ်။ တရားမဝင်
အလုပ်သမားတွေ ပြန်လာချင်တယ်ဆိုရင် ပြန်လာလို့ ရတယ်” ဟု အလုပ်သမား
အလုပ်အကိုင်နှင့် ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခင်နွေဦးက
ပြောသည်။
ဖမ်းဆီးခြင်း မခံရသေးသည့် မလေးရှားနိုင်ငံ မြန်မာသံရုံးအနေဖြင့်
အမှန်တစ်ကယ် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စီစစ်ပေးနေ သည်ဟု
ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။
တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို တရားဝင်မှတ်ပုံတင်ထုက်ပေးနိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင်
မလေးရှားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေသော်လည်း အောင်မြင်မှုမရရှိသေးဟု
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေး ဝန်ကြီးဌာနက သိရသည်။
"အဓိကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမှာဖြစ်တယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာက
နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်ပေးနိုင်တယ်” ဟု ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ပြောသည်။
မလေးရှားနိုင်ငံအနေဖြင့် ဖမ်းဆီခြင်းခံရသည့် နိုင်ငံခြားသားများကို ခုနှစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည်
ဖြစ်သည်။
ကုန်ကျစရိတ်များကို လုပ်သားများ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ သံရုံးများက
ကုန်ကျခံရမည်ပြီး ပြန်ပို့ခံရသော လုပ်သားများအနေဖြင့် မလေးရှားနိုင်ငံသို့
ထပ်မံ ဝင်ရောက်ခွင့်ရှိတော့မည် မဟုတ်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေး
ဝန်ကြီးဌာနက ဆိုထားသည်။
Mizzima

No comments:
Post a Comment