ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပဖို့ ကြေညာထားတဲ့
ထိုင်းရွေးကောက်ပွဲအစီအစဉ်ကို ထိုင်းဖွဲ့စည်းပုံခုံရုံးက ရွှေ့ဆိုင်းဖို့
ဇန်န၀ါရီလ ၂၄ ရက်နေ့က ခွင့်ပြုခဲ့ပေမယ့်လည်း ထိုင်းဆန္ဒပြသူတွေကတော့
ဇန်န၀ါရီလ ၂၅ ရက် ဒီကနေ့မှာလည်း အစိုးရကို ဆက်လက် ဖိအားပေး ဆန္ဒပြနေကြပါတယ်။
ဥပဒေတွေ ပြုပြင်ပြောင်းလဲပြီးမှ ကျင်းပမမယ့်ရွေးကောက်ပွဲကိုပဲ လက်ခံမယ်လို့ ဆန္ဒပြသူတဦးက ဆိုပါတယ်။
ထိုင်းရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထိုင်းနိုင်ငံမှာ
ရွေးကောက်ပွဲကျင်းပနိုင်ရလောက်အောင် တည်ငြိမ်မှုမရှိသေးတာကြောင့်
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းဖို့ ထိုင်းဖွဲ့စည်းပုံခုံရုံးကို
ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ ၀န်ကြီးချုပ် ယင်လပ်ကတော့ ရွေးကောက်ပွဲမှာ
အနိုင်ယူပြီး တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့
မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပါတယ်။
ဖွဲ့စည်းပုံခုံရုံးကတော့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့
ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းနိုင်ပေမယ့်
နောက်ကျင်းပမယ့်ရက်ကိုတော့ အစိုးရနဲ့ သဘောတူညီချက်ရယူပြီး ကြေညာရမယ်လို့
ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပဖြစ်ရင် သေချာပေါက်အနိုင်ရမယ့်
လက်ရှိထိုင်းအစိုးရကတော့ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းတာကို လက်မခံပါဘူး။
ဘန်ကောက်မြို့တော်မှာတော့ ဗုဒ္ဓဟူးနေ့ကစပြီး ရက် ၆၀ အရေးပေါ်ဥပဒေ
ကြေညာထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မြို့မှာ ဗုန်းနှစ်လုံးပေါက်ကွဲခဲ့မှုအပါအ၀င်
သေနတ်ပစ်ခတ်အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့နှစ် အောက်တိုဘာလက
ပြန်လည်ဖြစ်ပွားနေတဲ့ဘန်ကောက်မြို့ဆန္ဒပြပွဲတွေအတွင်း စုစုပေါင်း လူ ၉
ဦးသေဆုံးခဲ့ပြီဖြစ်ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီဖြစ်ပါတယ်။
DVB

No comments:
Post a Comment