Sunday, January 26, 2014

MNTV ရုပ်သံလိုင်း ရန်ကုန်တွင် Free to air အခမဲ့ လွှင့်မည်

အခြေခံအဆောက်အဦတွေ တည်ဆောက်နေတာကြောင့် စကိုင်းနက်က တာဝန်ယူ ထုတ်လွှင့်နေတဲ့ Myanmar National TV ကို လာမယ့် ဧပြီလလောက်မှ Free to air အခမဲ့ ထုတ်လွှင့်နိုင်မယ်လို့ MNTV တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးရဲမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
ရှေ့ပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ MRTV-4 နဲ့ Channel 7 တို့ကတော့ မြန်မာ့ရုပ်သံ တာဝါတိုင်နဲ့ လွှင့်ထုတ်စက်ရုံတွေကို အသုံးပြုခဲ့လို့ မြန်မြန်ဆန်ဆန် အခမဲ့ ထုတ်လွှင့်နိုင်ပေမယ့် MNTV ကတော့ အခြေခံအဆောက်အဦတွေကို ကိုယ်တိုင် တည်ဆောက်နေရလို့ အချိန်ကြာမြင့်ခဲ့ရ တယ်လို့ သူက ရှင်းပြပါတယ်။

MNTV ဟာ အစိုးရနဲ့ စပြီး စာချုပ်ချုပ်စဉ်ကတည်းက Free to air ထုတ်လွှင့်ဖို့ သဘောတူ ထားပေမယ့် အခြေခံအဆောက်အဦတွေ မပြီးသေးလို့ စကိုင်းနက်ဂြိုလ်တု ရုပ်သံဖမ်းစက်နဲ့ ဖမ်းယူကြည့်ရှုရတဲ့ လိုင်းတွေထဲမှာပဲ ဖမ်းယူကြည့်နိုင်တာလို့ သူက ပြောပါတယ်။

DVB

No comments:

Post a Comment