မန္တလေး၊ မဇ္ဈိမ ။ ။ ပြုပြင်ပြောင်းလဲရေး မလုပ်သည့် ဌာနဆိုင်ရာ
အကြီးအကဲများကို ပြည်သူများ တိုင်ကြားလာပါက ရာထူးမှ ဖယ်ရှားသည်အထိ
ချက်ချင်းစုံစမ်းအရေးယူသွားမည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က
ပြောဆိုလိုက်သည်။
“ ပြည်ထောင်စု အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုများ အရှိန်ဟုန်မြှင့်
ဆောင်ရွက်နေချိန်မှာ ပြုပြင်ပြောင်းလဲမှုများ လိုက်ပြီးမလုပ်တဲ့ ဌာနဆိုင်ရာ
အကြီးအကဲတွေကို ရာထူးက ဖယ်ရှားပြီး အရေးယူမှုများ လုပ်ဆောင်နေပါတယ်။
ပြုပြင်ပြောင်းလဲမှု မလုပ်တဲ့ တာဝန်ရှိသူများ တွေ့ရှိရင် တိုင်ကြားနိုင်ပြီး
ချက်ခြင်းစုံစမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
မန္တလေးပညာရေး ကောလိပ်တွင် ဇန်နဝါရီ (၅) ရက်ကပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ စီးပွားရေး
ကော်မတီ၏
ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီမှ ဒုဝန်ကြီး ၃ ဦး၊
အထက်လွှတ်တော်၊ အောက်လွှတ်တော်မှ လွှတ်တော်အမတ်များ၊ ရပ်ရွာအထောက်အကူပြု
အဖွဲ့များနှင့် ရပ်မိရပ်ဖများ တွေ့ဆုံပွဲတွင် ဆောက်လုပ်ရေးဒု-ဝန်ကြီးက
ယခုကဲ့သို့
ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် မန္တလေးတိုင်းအတွင်းရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများကလည်း အောက်ခြေထိဆင်းပြီးပြည်သူ
နှင့် တွေ့ဆုံကာ လိုအပ်ချက်များအား အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်လည်း ဒု-ဝန်ကြီး ဦးစိုးတင့်က သတိပေးလိုက်သေးသည်။
ထိုဆွေးနွေးပွဲသို့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းသန်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမြင့်သိန်းနှင့် တိုင်းဒေကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ဆန်း
တို့က ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးပွဲများကို ခရိုင်၂၆ခု၊ မြို့နယ် ၁၃၁ မြို့နယ်၊
တိုင်းဒေသကြီး ၃ တိုင်းနှင့် ပြည်နယ် ၃ ခု တွင်လည်း တွေ့ဆုံမှုများ
ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
by mizzima

No comments:
Post a Comment