၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လူ တစ် ယောက် ၏ ကျန်းမာရေးတစ် နှစ် အသုံးစရိတ်အား
အစိုးရမှ ၁၁ဒေါ်လာအထိ တိုးမြှင့်ကျ ခံပေးရန်ရှိကြောင်း ကျန်းမာ ရေး ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် က ပြော သည်။
ပြည်သူလူထု၏အိတ်ကပ် မှ ကျန်းမာရေးအသုံးစရိတ် အားလျှော့ချနိုင် ရန်အတွက်
လာမည့်နှစ်တွင် လူတစ်ဦး၏ ကျန်းမာရေးအသုံးစရိတ်အား ၁၁ဒေါ်လာအထိ အစိုးရမှကျ
ခံပေးရန်အတွက် ကျန်းမာရေး ဘတ်ဂျက်အား ကျပ်သန်းပေါင်း ၆၅ဝကျော်အထိ
တောင်းခံထား ကြောင်း ဇန်နဝါရီ၂၆ရက် က မြောက်ဒဂုံဆေးရုံ၌ပြုလုပ်သော
ကမ္ဘာ့ဘဏ်၏ ကျန်းမာရေး ကဏ္ဍငွေကြေးထောက်ပံ့မှု အခမ်းအ နားအပြီးတွင်
မီဒီယာများနှင့် တွေ့ဆုံ စဉ် ဝန်ကြီးကပြောဆို ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေသက်ခင်က
““မြန်မာနိုင်ငံ မှာ လူတစ်ယောက်ရဲ့ တစ်နှစ် ကျန်းမာရေးအတွက် အသုံးစ ရိတ်က
၁၄ဒေါ်လာလောက်ရှိ တယ်။ အရင်နှစ်တွေကဆိုရင် အစိုးရပိုင်း က နှစ်ဒေါ်လာပဲ
ကျခံနိုင်ခဲ့တဲ့အတွက် မနှစ်က စပြီး ကျန်းမာရေး ဘတ်ဂျက် ကို
၄၉ဝအထိတိုးလိုက်တယ်။ ကျန်း မာရေး အသုံးစရိတ်ကိုလဲ ရှစ် ဒေါ်လာ အထိ
ပေးနိုင်ခဲ့တယ်။ အခုလာမယ့်နှစ်မှာ ၁၁ဒေါ်လာ အထိ တိုးကျခံပေးနိုင် ဖို့ ဘတ်
ဂျက်ကို တိုးတောင်းထားတယ်”” ဟုဆိုသည်။
မြန်မာနိုင်ငံ လူဦးရေသန်း ၆ဝရှိသော်လည်း ပြည်သူရ၅ ရာခိုင်နှုန်းမှာ
အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့် ရှောက်မှုအား ခံစားခွင့်မရသည့် အပြင်
ကျန်းမာရေးဆိုင်ရာအ သိပညာရေချိန်နှင့် လူဦးရေအ များစုမှာ ဆေးကုသရန် ငွေ
ကြေးပိုင်း ဆိုင်ရာတွင် အားနည်း ချက်များရှိနေကြောင်း၊ စရိတ်
မျှပေးကျန်းမာရေးစနစ်မှာ အ ပြောလွယ်သလောက် အလုပ် ခက်ခဲနေရာ ပြည်သူ့ကျန်းမာ
ရေးအတွက် လုပ်ပေးစရာများ စွာရှိနေကြောင်း၊ ကျန်းမာရေး နှင့်ကုသရေး စနစ်များ
အား စနစ် တကျရေးဆွဲရန် လိုအပ်နေ ကြောင်း ဝန်ကြီးက ထည့်သွင်း
ပြောဆိုသွားသည်။
၂၀၁ဝပြည့်နှစ်တွင် ကျန်းမာရေးဘတ်ဂျက်သည် ကျပ်သန်း ၇၀ ဝန်းကျင်သာရှိ ခဲ့ရာမှ
တဖြည်းဖြည်းမြင့်တက် လာရာ ၂၀၁၂-၂၀၁၃ဘဏ္ဍဍာ နှစ်တွင် တစ်နိုင်ငံလုံးအတိုင်း
အတာဖြင့် ကျန်းမာရေးဘတ် ဂျက် ကျပ်သန်း၃၅ဝကျော်တွင် ဝန်ကြီး ဌာန ၏
ဆေးဝယ်ယူမှု မှာ ကျပ်သန်းပေါင်း၁၀ဝ ဝန်း ကျင်အထိအသုံးပြုကာ ပြည်သူ များ၏
ကျန်းမာရေးကဏ္ဍဍမြင့် မားရေးအတွက် ဆောင်ရွက် ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး
ဌာနစာရင်းအရ သိရသည်။
ပြည်သူ့ကျန်းမာရေးအ သုံးစရိတ်အား အစိုးရကတိုး မြှင့်ကျခံပေးမှုနှင့်ပတ်သက်၍
အသည်းအထူးကုဆရာဝန်ကြီး ဦးဇော်ထွန်းရှိန်က ““ပြည်သူရဲ့
ကျန်းမာရေးအသုံးစရိတ်ကို မြှင့် တင်တဲ့ကိစ္စက ကောင်းတဲ့ကိစ္စ ပါ။ ဒါပေမဲ့
ပြည်သူ့ ကျန်းမာ ရေး ကို အသေအချာမြှင့်တင် ချင်ရင် ကျန်းမာရေးတစ်ခုတည်း
ကိုကြည့်လို့မရဘူး။ ကျန်းမာ ရေးနဲ့ဆက်နွှယ်နေတဲ့ တခြား ကဏ္ဍဍတွေကိုလဲ
အားဖြည့်လုပ် ဆောင်မှရမယ်။ မူးယစ်ဆေး စွဲလို့ ဆေးရုံကကူဖြတ်ပေးတာ က ခဏပဲ။
အမှန် တကယ် မူး ယစ်ကင်းဖို့ဆိုရင် လူငယ်တွေ ကြား မူးယစ်ဆေးတွေ မပြန့်
ဖို့တွေကို တခြားဌာနတွေကပါ ဝင်မှရမယ်””ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံရှိလူ တစ်ဦး၏ တစ်နှစ်ကျန်းမာရေး အသုံးစရိတ်မှာ ၁၄ ဒေါ်လာ
သာ ကျခံသုံးစွဲနိုင်သော်လည်း စက်မှုနှင့် ဆေးပညာဖွံဖြိုးသည့်
အမေရိကန်နိုင်ငံတွင် လူတစ် ဦး၏ တစ်နှစ်ကျန်းမာရေးအ သုံးစရိတ်မှာ
ဒေါ်လာရှစ်ထောင် ဝန်းကျင် အထိရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။
Yangon Media Group

No comments:
Post a Comment