ရန်ကုန် ။ ။ မြန်မာပြည်၏ တရားရေးမဏ္ဍိုင်အတွက် အကျင့်ပျက်ခြ စားနေ သည့်
တရားသူကြီးများ အား ထောင်ထဲ သို့ပို့သင့်သည်ဟု တရားစီ ရင်ရေး ၊
ဥပဒေရေးရာနှင့် တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး
ကော်မတီဝင်ဖြစ်သူ သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်
ဦးသိန်းညွှန့်က ပြောသည်။
တရားရေးဥပဒေရေးနှင့်တိုင်ကြားစာများနှင့်
အသနားခံစာများ ကိုစိစစ်ရာ တွင် တရားသူကြီးများကို
တိုင်ကြားမှုအလွန်များနေသောကြောင့် ယနေ့မြန်မာ နိုင်ငံရှိ တရားသူကြီးများ
လာဘ်ပေးလာဘ်ယူမှကင်းဝေး ရန်နှင့် တရားရေးသန့်ရှင်းရန်အတွက် ကုလသမဂ္ဂ၊
နိုင်ငံခြားတိုင်းပြည် မှပညာရှင် များနှင့် သင်တန်းပေးရုံ၊
နိုင်ငံခြားလွှတ်ရုံဖြင့် ပြုပြင်နိုင်မည် မဟုတ်ဘဲ ထောင်ထဲ
ပို့မှသာပြုပြင်ပြောင်းလဲနိုင်လိမ့်မည်ဟု ယင်းက ပြောသည်။
ဦးသိန်းညွန့်က
''ရန်ကုန်က ဒုတိယတရားသူကြီးတစ်ဦးရဲ့မိန်းမ သိန်း၁၅၀၀ လာဘ်စားတာကို
အလုပ်ဖြုတ်ပြီး ပင်စင်ပေးလိုက်တယ်ဆို တော့ ရီတာပေါ့ ဗျာ။
ကိုယ့်ဘဝလုံခြုံအောင်၊ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ် ဆက်ချမ်းသာအောင်
လာဘ်စားပြီးမှ ပင်စင်လေးပေးလိုက်တာဆိုတော့ ဘယ်ဂရုစိုက် မလဲ။ မြန်မာပြည် က
ဒီလိုတရားသူကြီးတွေကို ထောင်ထဲ ပို့လိုက် မှ ပြုပြင်ပြောင်း လဲလို့ရမယ်။
သင်တန်းပေးနေရုံနဲ့တော့ ပြီးမှာ မဟုတ်ဘူး''ဟုပြောသည်။
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်း
ရေးမှူးဦးဝင်းမြင့်က ''လာဘ်ပေးလာဘ်ယူပပျောက်ဖို့ဆိုရင် လာဘ်ပေး
လာဘ်ယူဥပဒေရှိတယ်။ လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် လည်းရှိတယ်။ ဒါပေမဲ့
ဥပဒေ ရှိတာကို ဥပဒေအတိုင်း မဆောင်ရွက်လို့ တရားဥပဒေမစိုးမိုးနိုင်တာပါ။
လာဘ်စားရင် အရေးယူရမယ်။ တရား စွဲရမယ်။ ပြစ်ဒဏ်ပေးရမယ်။ အဲဒီလို
ဥပဒေအတိုင်းမလုပ်ဘဲ ပင်စင်ပေး တာတို့၊ နယ်ပြောင်းတာတို့က နေရာသစ်မှာ
စားကျက် သစ်ပေးလိုက်သလို ပါပဲ''ဟု ပြောသည်။
မြန်မာနိုင်ငံတွင်
တရားသူကြီးများ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ် သက်၍ ရှေ့နေများကွန်ရက်
တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ''တရားသူကြီး တစ်ယောက်ရဲ့လစာက ၁၀ သိန်းနဲ့
၁၅ သိန်းကြားမှာရှိမှသာ အဆင်ပြေလိမ့် မယ်။ အဲဒီလိုမျိုး နိုင်ငံတော်က
လောက်ငှအောင်မပေးနိုင်ဘဲ လာဘ်စားတာ ကို ပြောနေမယ်ဆိုရင်တော့ မတရားသလို
ဖြစ်နေပါတယ်။ နောက်တစ်ခါ ၂၅ နှစ်တာကာလလုံး ပျက်စီးနေတဲ့ တရားစီရင်ရေးမှာ
စားချင်တိုင်းစားလာပြီး အခုမှ ထပြောင်း ဖို့ကလဲ မလွယ်ပါဘူး။ ဒီတော့ ချက်၊
ဘူဂေးရီးယားနဲ့ အရှေ့ ဂျာမနီတွေမှာ လုပ်သလို အာဏာရှင်
လက်ကျန်အစိုးရဝန်ထမ်းတွေကို အ ကုန်ဖြုတ်ပစ်မှ ဖြစ်မယ်''ဟု ပြောသည်။
မြန်မာနိုင်ငံသည်
လာဘ်စားမှု ဌာနဆိုင်ရာများတွင် ဖြစ်ပေါ်နေသဖြင့် တိုက်ဖျက်ရန်ခက်ခဲကြောင်း
နိုင်ငံရေးလေ့လာသူများက ဝေဖန်ထောက်ပြထား ပြီး နိုင်ငံ့ဝန်ထမ်းများ
လာဘ်စားမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ရုံးက
သတင်းထုတ်ပြန်ထားသည်။
Yangon Media Group

No comments:
Post a Comment