Saturday, January 4, 2014

ရပ်ကွက်အတွင်း အုတ်တံတိုင်းခြံစည်းရိုးအမြင့် ကာရံနေခြင်းကြောင့် ပတ်ဝန်းကျင်နေ ပြည်သူတို့ ဒုက္ခရောက်နေ

ရန်ကုန်တိုင်းဒေသကြီး၊မြောက် ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ မြို့သစ်ရှိ ကျေးရွာရပ်ကွက်များ တွင်တချို့သောငွေကြေးချမ်းသာ သူတို့မှ ခြံစည်းရိုး အုတ်တံတိုင်း အမြင့်ကာရံခြင်းမှာ အလွန်ပင် ထူးခြားစွာဖြစ်ပေါ်နေခြင်းကြောင့် ကျေးရွာရပ်ကွက်နေ ပြည်သူများ လေ၀င်လေထွက် မကောင်းခြင်း နှင့်
ခြံစည်းရိုးအမြင့်ကြောင့် ဖြစ် ပေါ်လာမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း ပြောဆိုနေ လျက်ရှိပါသည်။
အဆိုးရွားဆုံး ဖြစ်ပေါ်နေ တာကတော့  စည်ပင်သာယာက ဒဏ်ရိုက်ခြင်းကိုခံပြီး အုတ်တံ တိုင်းအမြင့် ကာရံနေခြင်းမှာ လည်း ထူးခြားမှု ဖြစ်ပေါ်နေပြီး ဖြစ်ပေါ်နေတာကတော့မင်္ဂလာဒုံ မြို့နယ်၊ ရွှေ့နံသာ စံပြကျေးရွာ အုပ်စု၊ လေးဒေါင့်ကန်ကျေးရွာ သရဖီ(၈)လမ်း၊ အမှတ်(၃) ကား လမ်းဘေးမှကြည့်လျှင် အထင် အရှားမြင်နိုင်ပြီး၊ အဆိုပါ အုတ်တံ တိုင်းကို ကာရံနေတာကတော့ ရွှေဟိန်းထက်ကုမ္ပဏီမှဖြစ်ပြီး၊ ရပ်ကွက်နေပြည်သူများက သက် ဆိုင်ရာသို့ပြောဆိုနေသော်လည်း မြို့နယ်စည်ပင်သာယာမှ မှတ် တမ်းဓာတ်ပုံလာရိုက်ပြီး ၄င်းတို့ ကိုဒဏ်ရိုက်ထားတယ်ဟု အဆိုပါ လမ်းနေပြည်သူများထံမှ သိရှိရပြီး လမ်းတွင်းနေ ပြည်သူတစ်ဦးက တော့  ကျွန်တော်တို့အိမ်တွေကို အရှေ့ကနေ အဲဒီလောက်ထိမြင့် တဲ့ ပေ ၂၀ လောက်ရှိတဲ့ အုတ် တံတိုင်းတွေကို ကာရံမယ်ဆိုတာ ကျွန်တော်တို့ရပ်ကွက်နေပြည်သူ များကို ပြောဆိုခြင်းမရှိဘူး အခု သူတို့ယူတဲ့မြေတွေကလည်း တစ် မြို့လုံးရှိ ရေစစ်ကန်လိုဖြစ်နေတဲ့ နေရာကို မြေဖို့ပြီး အခုလိုကာရံ ယူထားတာဖြစ်တယ်။ ပြောရ လျှင်တော့ ဓမ္မာရုံတောင် မြေခ တော့မယ့်အရေး ဖြစ်နေတယ်ဟု ပြောဆိုပြီး လိုက်လံပြသလျက် ရှိပါသည်။
ယခုကဲ့သို့ ဖြစ်ပေါ်နေတာ ကတော့ ရွှေနံ့သာရွာမလမ်းတွင် လည်း အုတ်တံတိုင်းအမြင့်များ ကာရံခြင်းကြောင့် မရှိဆင်းရဲသား နေအိမ်များအဖို့ လေ၀င်လေ ထွက်မကောင်းခြင်း ဖြစ်ပေါ်နေ ပြီး အဆိုပါအုတ်တံတိုင်းများ၏ အန်္တရာယ်ကိုလည်းအမြဲတမ်းစိုးရိမ် နေရတယ်ဟု ဦးခင်စိုးငြိမ်းမှ ပြော ဆိုလျက်ရှိပါသည်။ ဓမ္မာရုံအတွင်း ရေးမှူး ဦးမြင့်ကျော်က ပြောကြား ရာတွင် ““တာဝန်ရှိသူများက တော့ လာနေတာပဲ။ ပြီးရင် ပြန် သွားတာပဲ။ လုပ်တဲ့လူကလည်း ဆက်လုပ်နေတာပဲ။ ပုလဲမြို့တွင် ယခုကဲ့သို့ အုတ်တံတိုင်းအမြင့် ကာရံသောခြံများမှာ ဟိုတစ်စု ဒီတစ်စုနှင့် အလွန်ပင်တိုးပွား လာပြီး ယခုကဲ့သို့ ရပ်ကွက်ကျေး ရွာ အတွင်းမှာဖြစ်ပေါ် နေတာကို ပြည်သူများနှင့် သွား လာနေကြသော အသိမိတ်ဆွေ အပေါင်းတို့က ဒီအုတ်တံတိုင်း အမြင့်ကာရံခြင်းတွေဟာ အုပ်စု ဂိုဏ်းဂဏတွေ ဖြစ်ပွားလာဖို့ လုပ်ဆောင်နေသလို တစ်ချို့က တော့ လျှို့ဝှက်စွာ လုပ်ငန်းများ လုပ်ဆောင်ဖို့၊ တစ်ချို့ကလည်း သီးခြား အထူးအဆောင်များ အဖြစ်ပြုလုပ်နေတာဖြစ်ကြောင်း ပြောဆိုနေလျက်ရှိပြီး  ငွေရှင် ကြေးရှင်များ၏ ခြံကာရံခြင်းကို ပြည်သူများမှ ပြောဆိုနေတာ မဟုတ်ပဲခြံထက်ဆိုးသောထောင် ပုံစံမျိုးတွေ ဆောက်လုပ်ကာရံ နေတာကြောင့် ပတ်ဝန်းကျင်နေ ပြည်သူတို့  အစစအရာရာ ဒုက္ခ မျိုးစုံဖြစ်နေရပြီး တာဝန်ရှိသူတွေ ကတော့ ဘာမှညှိနှိုင်းဖြေရှင်း ပေးတာမရှိကြောင်း၊ ဓမ္မာရုံပတ် ၀န်းကျင်ဆိုလျှင်အကြီးတန်ရုပ်ဆိုး ပြီး တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိခြင်းကို စုံစမ်းကြည့်တဲ့အခါမှာ မြေရယူထားသူတို့မှာ သာမန် စီးပွားရေးသမားများ မဟုတ်ဘဲ အာဏာရှိ ခရိုနီများဖြစ်နေခြင်း ကြောင့် မိမိတို့ကျေးရွာများတွင် ဖြစ်ပေါ်နေတဲ့အရာများကိုတော့ တိကျစွာ ဖြေရှင်းပေးခြင်း မရှိ ကြောင်း”” ပြောဆိုသွားပါသည်။

by hot news

No comments:

Post a Comment