Wednesday, January 15, 2014

Telenor မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ SIM Card များ ရောင်းချပေးသွားမည်

မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသည့် နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီက ၎င်းတို့၏ မိုဘိုင်းဖုန်း SIM Card များကို ကျေးလက် ဒေသတွင် နေထိုင်သည့် ဒေသခံများ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်အတွက် မြို့ကြီးများနှင့် တန်းတူရောင်းချ ပေးသွားမည်ဟုသတင်း ရရှိသည်။
Telenor ကုမ္ပဏီအနေဖြင့် ၎င်းတို့ရောင်းချမည့် SIM Card များကို အများပြည်သူ အမှန်တကယ် သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်ရောင်းချမည် ဖြစ်သဖြင့် ကျေးလက်ဒေသများတွင် နေထိုင်သူများ အတွက်ပါ အလေးပေးဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တယ်လီဖုန်း ဆက်သွယ်မှု အသုံးပြုနိုင်သည့် မည်သည့်နေရာတွင်မဆို ၎င်းတို့၏ SIM Card များကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် လက်လီအရောင်း ဆိုင်များကို တစ်နိုင်ငံလုံး အနှံ့အပြားတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။
ထို့အတွက် Telenor သည် ဆက်သွယ်ရေး တာဝါတိုင်များကို တည်ဆောက်သွားမည် ဖြစ်ပြီး၎င်းအတွက် ပြည်ပတာဝါတိုင် တည်ဆောက်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Apollo Towers နှင့်လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ “နိုင်ငံခြားကုမ္ပဏီတွေက ဖုန်းကတ်တွေကို ဈေးသက်သက်သာသာနဲ့ ကျေးရွာတွေမှာပါ ရောင်းပေးမယ်ဆိုတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ မျှော်လည်း မျှော်လင့်ကြတယ်။ ကျွန်မတို့လို မြို့ကြီးပြကြီးမဟုတ်တဲ့ ကျေးရွာတွေမှာ အခုအချိန်ထိ ဖုန်းသုံးနိုင်တာ သိပ်မရှိသေးပါဘူး” ဟု ထားဝယ်မြို့အတွင်းရှိ လောင်းလုံကျေးရွာ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

Kangyi (MCG)
Credit: Myanmar Internet Journal

No comments:

Post a Comment