Monday, January 27, 2014

သြစတြေးလျတင်းနစ်အမျိုးသားပွဲ ဆွစ်နိုင်ငံသား Wawarinka ဗိုလ်စွဲ

Australia နိုင်ငံ Melbourne မြို့မှာ ကစားကြတဲ့ Australian Open Tennis အမျိုးသားတဦးချင်းပွဲမှာ Switzerland နိုင်ငံက Stanislas Wawrinka က
Australian Open ဖလားကို အနိုင်ရသွားပါတယ်။

ကမ္ဘာ့နံပါတ် ၁ စပိန်က Rafael Nadal နဲ့ ဖိုင်နယ်မှာ ကစားကြတာမှာ   ၆-၃၊ ၆-၂ ၊ ၃-၆၊ ၆-၃ နဲ့  Wawrinka အနိုင်ရရှိသွားတာပါ။ ပထမ ၂ Set မှာ Wawrinka ၆-၃, ၆-၂ နဲ့ နိုင်နေတာကြောင့် ခါးဒဏ်ရာ ရထားတဲ့  Nadal ကို အသာလေးအနိုင်ရမဲ့ပုံရှိခဲ့ပေမယ့် Nadal က ဆေးကုဖို့
အချိန်ပိုယူခဲ့ပြီးနောက်မှာ တတိယ Set ကို ၆-၃ နဲ့ နိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ စတုတ္ထ Set မှာ Wawrinka က ၆-၃ နဲ့ ပြန်နိုင်တာကြောင့် ၃ ပွဲအနိုင်နဲ့ Grand Slam ဆုကြီးကို ရရှိသွားပါတယ်။ ကမ္ဘာ့ Seeding နံပါတ်
၈ မှာရှိခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် Wawrinka အတွက် အခုဆုဟာ ပထမဆုံးရရှိတဲ့ Grand Slam ဆုကြီးဖြစ်ပါတယ်။

VOA

No comments:

Post a Comment