၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထုတ်လုပ်ခဲ့သည့် အင်္ကျီများကို
ပြန်သိမ်းမည်ဖြစ်ကြောင်း Adidas
ကုမ္ပဏီမှ အတည်ပြုခဲ့သည်။ ကမ်းခြေပုံနောက်ခံတွင် အတွင်းခံ ၀တ်ဆင်ထားသည့်
အမျိုးသမီး ကာတွန်းပုံ ရေးဆွဲထားပြီး “ဂိုးသွင်းဖို့အတွက်”
စာသားရေးထိုးထားသော Adidas အင်္ကျီမှာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် ဘရာဇီး ခရီးသွားဝန်ကြီးဌာန ၀န်ကြီးကလည်း လိင်စွဲဆောင်မှုနှင့်
ဘရာဇီးနိုင်ငံ၏ ပုံရိပ်ကို ယှဉ်တွဲဖော်ပြခြင်းမှာ မိမိတို့နိုင်ငံ၏
ဈေးကွက်စီးပွားရေး မူဝါဒနှင့်ဆန့်ကျင်နေသည်ဟု ဝေဖန်ခဲ့သည်။
ထို့ကြောင့် လက်တွဲလုပ်ဆောင်သူများနှင့် စားသုံးသူများ၏ ထင်မြင်ချက်ကို
အလေးထားသည့်အနေဖြင့် မိမိတို့၏ အင်္ကျီကို
ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း Adidas ကုမ္ပဏီမှ ကြေညာခဲ့သည်။ ၂၀၁၄
ကမ္ဘာ့ဖလားပြိုင်ပွဲ စပွန်ဆာ ကုမ္ပဏီအဖြစ်သာမက ကမ္ဘာ့ဖလားဘောလုံး
ထုတ်လုပ်ပေးခဲ့သည့် Adidas ကုမ္ပဏီမှာ အဆိုပါအင်္ကျီများကို အမေရိကန်
ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ပြီးဖြစ်သည်။
Yoyarlay
No comments:
Post a Comment