Tuesday, February 18, 2014

ပေါက်တောမြို့နယ် ကျော်ရင် ဆရာတော် ဈာပနပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျော်ရင် ဆရာတော်ကြီး ဘဒ္ဒတ အိန္ဒက၏ အန္တိမ ဈာပနပွဲတော်မှာ ယမန်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
သက်တော် ၈၇၊ ၀ါတော် ၆၄ ၀ါရှိသော ဆရာတော်ကြီး၏ ဈာပနအခမ်းအနားအား ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး ၁၆ ရက်နေ့ထိ (၄) ရက်တိုင်တိုင် ကျော်ရင်ကျေးရွာတွင် ကျင်းပရာ ရပ်နီးရပ်ဝေးမှ လာရောက်ကြသော ဧည့်သည်များဖြင့် အထူးစည်ကားခဲ့သည်ဟု ဆရာတော်ကြီး တပည့်ရင်း ဆရာတော် တစ်ပါး ဖြစ်သူ ဆရာတော် စန္ဒသီရိက ပြောကြားသည်။
kyaw yin village pauk taw
ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား စံကျောင်း၊ စံချိန်၊ မြေစိုက်၊ ဆွဲတလား၊ ကတလားများ အစီအရီဖြင့် ၄ ရက်တိုင်တိုင် နောက်ဆုံးဂါရ၀ပြု ပူဇော်ခဲ့ပြီး ရခိုင်ရိုးရာစဉ်အလာအတိုင်း ယမန်နေ့က ဒုံးတိုက်ကာ မီးသဂြိုလ်ခဲ့ကြသည်။
ပင့်သံဃာအပါး ၁၁၀ ကျော်ရောက်ရှိခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ နောက်ဆုံးနေ့ ဒုံးပွဲကို ပါဝင်ဆင်နွဲခဲ့ကြကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ပွဲတော်အား မွန်ပြည်နယ်မှ ထက်ကောင်းကင် ဇာတ်သဘင်အဖွဲ့မှ (၅) ရက်တိုင်တိုင် ဖြေဖျော်ကပြခဲ့ကြသည်ဟု သိရှိရသည်။
 
Narinjara

No comments:

Post a Comment