ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေ လုယူသွားပြီးနောက် ၇၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့
ပန်းချီကားတချပ်ကို အမေရိကန်အရာရှိတွေက ပိုလန်အရာရှိတွေဆီကို ပြီးခဲ့တဲ့
ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြန်လည် ပေးအပ်လိုက်ပါတယ်။
နယူးယောက်မြို့မှာ အခမ်းအနားနဲ့ ပန်းချီကားကို လွဲအပ်ခဲ့ပြီး
အမေရိကန်နိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီးက ကျေးဇူးတင်စကား ပြောကြားပါတယ်။
အမေရိကန်ဒေါ်လာ ၄ သောင်းတန်တဲ့ ပန်းချီကားကို ဂျာမန်ပန်းချီဆရာ ဂျိုဟန်
ကွန်ရတ် စီးကတ် (Johann Conrad Seekatz)က ၁၇၆၈ ခုနှစ်က ရေးဆွဲခဲ့ပြီး
ပိုလန်နိုင်ငံ ၀ါဆောမြို့မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ပြသထားကို နာဇီတွေက
ယူသွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ နယူးယောက် ပန်းချီပြပွဲတခုမှာ ပန်းချီကားကို နာမည်လွှဲ၊
ပန်းချီဆရာ နာမည်လွှဲနဲ့ ရောင်းချခဲ့ပြီး လန်ဒန် ပန်းချီပြခန်းတခုက
ဝယ်ယူခဲ့ပါတယ်။
အမေရိကန်မြေပေါ်ရောက်ခဲ့ဖူးတဲ့ ပျောက်ဆုံးနေတဲ့ ဒီပန်းချီကားကို
တက္ကဆပ်အခြေစိုက် အကျိုးအမြတ်မယူတဲ့ ဖောင်ဒေးရှင်းတခုနဲ့ အမေရိကန်
လူဝင်မှုကြီကြပ်ရေးနဲ့ အကောက်ခွန်ဌာန အရာရှိတွေက ပြန်လည်ရှာဖွေနိုင်ပြီး
မူလပိုင်ရှင် ပိုလန်နိုင်ငံကို ပြန်လည်ပေးအပ်တာ ဖြစ်ပါတယ်။
ဒီပန်းချီကားပါဆိုရင် နာဇီတွေ လက်ထဲရောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့
အနုပညာ ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည် ရှာဖွေနိုင်ပြီး
မူလပိုင်ရှင်လက်ထဲကို ပြန်လည် ပေးအပ်နိုင်တာ ၂၃ ခု ရှိသွားပြီ ဖြစ်ပါတယ်။
DVB
No comments:
Post a Comment