Saturday, February 8, 2014

စက်လှေခါးပါသည့် ပထမဆုံး လူကူး ခုံးကျော်တံတား လုပ်မည်

ရန်ကုန်မြို့မှာ လူဖြတ်သန်းမှု အများဆုံးနဲ့ အန္တရာယ် အများဆုံး နေရာတခုဖြစ်တဲ့ ကမ်းနားလမ်း ပန်းဆိုးတန်းဆိပ်ကမ်း အရှေ့မှာ စက်လှေခါးပါတဲ့ လူကူးခုံးကျော်တံတား ၁ စင်း ဆောက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လမ်း၊ တံတားဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
အဲဒီနေရာဟာ ရန်ကုန်ကနေ ဒလကို သွားမယ့်ခရီးသည်တွေ၊ ဒလကနေ ရန်ကုန်ကို လာတဲ့ ခရီးသည်တွေ ဆိပ်ကမ်းရောက်ပြီးနောက် ဖြတ်သန်းရတဲ့ လမ်းမကြီး ၂ ခုပေါ် တည်ဆောက်မှာ ဖြစ်ပါတယ်။

ခုံးကျော်တံတား ဆောက်ရမယ့် ကမ်းနားလမ်း ကွန်တိန်နာ လမ်းမကြီးနဲ့ ကမ်းနားလမ်း ပင်မလမ်း ၂ ခုစလုံးဟာ ကျယ်ဝန်းသလို ကားအများအပြား ဖြတ်သန်းလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီ လူကူးခုံးကျော်တံတားဆောက်ဖို့ လက်ရှိ First Myanmar Investment ကုမ္ပဏီက
လေ့လာတိုင်းတာမှုတွေ လုပ်နေတယ်လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
တည်ဆောက်ပြီးသွားရင်တော့ ပထမဦးဆုံး စက်လှေခါး တပ်ဆင်ထားတဲ့ လူကူး ခုံးကျော်တံတား ဖြစ်မှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment