ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၉)
ရပ်ကွက် ဓည၀တီ(၂)လမ်း အမှတ်-၃၃၂ နေ ဦးခင်သန်း အသက်(၆၀)နှစ် နေအိမ်မှ
ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ ခန့် တွင် (MA. ၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁
ခုနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။
၎င်းဖြစ်စဉ်အားစုံစမ်းသိရှိရသည်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ (ဆ.ခ. ခ-၃)
တပ်ရင်းမှ သားဖြစ်သူ တပ်သားငယ် လေးနှင့် တပ်သား ကိုရဲ (သမက်)တို့နှင့်သွား
ရောက်တွေ့ဆုံခဲ့ပြီး နေရပ်သို့ပြန်လည်ထွက် ခွာလာသော ဦးခင်သန်း၊
ဇနီးဒေါ်ငယ်လေး၊ မခင်မာထွေးနှင့် မြေးငယ်လေးတို့သည်မိုးကောင်း မှ မန္တလေးသို့
ရထားစီးနင်း လိုက်ပါလာစဉ်က ၎င်းတို့နှင့်အတူ မြွေရေခွံ လက်ဆွဲအိတ်တစ်လုံး၊
အလျား ၂ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မအမြင့်ရှိ အစိမ်းရောင် သံသေတ္တာ
တစ်လုံးတို့ အတူ ပါရှိလာခဲ့သည်။
ြ မြစ်ကြီးနား-မိုးကောင်း-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် စာပို့ရထားအတွင်း ၌
တပ်မတော်သားစစ်သည်များ ရောနှောလိုက်ပါစီးနင်းခဲ့ကြပြီး ဦးခင်သန်း အပါအ၀င်
မိသားစုဝင်တို့သည် မိုးကောင်း-မန္တလေးခရီးစဉ်မှ မူလနေထိုင်ရာ ရန်ကုန် မြို့
လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် နေအိမ်သို့ရောက်ရှိစဉ် သေတ္တာ
သော့အားဖျက်၍ ဖွင့်လိုက်ရာ ၎င်းတို့ပိုင် ပစ္စည်းမဟုတ်သော (MA-၁၂၃၄)ဖိုင်ဘာ
ကျည်ဘောက်များ အပြင် စစ်သုံးပစ္စည်းများကိုပါ တွေ့ရှိ လိုက်ရသဖြင့်
ကြောက်လန့်တကြားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့်
တာဝန်ရှိသူများကို အသိပေး အကြောင်း ကြားခဲ့သည်။
ဦးခင်သန်း ပြောဆိုချက်အရ မြို့နယ်အဆင့် လှိုင်သာယာမြို့မ ရဲစခန်း သို့
ဆက်သွယ်မှုရယူကာ အသေးစိတ် စိစစ်ချက်အရ တွေ့ရှိရသော ကျည်ကတ် (၈၁) ခု အပါအ၀င်
ပစ္စည်းမျိုးစုံအား စနစ်တကျ စာရင်းပြုစုကာ သက်ဆိုင်ရာ
တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပိုင်ရှင်လက်ဝယ်သို့
ပို့အပ်နိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စံတော်ချိန်
No comments:
Post a Comment