ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူဟု
ဆိုသူများက နစ်နားကြေး ရရှိရန် အတွက် အိမ်ရာရှေ့သပိတ်စခန်းကို လက်ရှိ
လူအင်အား ၆ဝဝမှ နောက်ထပ် ၁ဝဝဝ ခန့် တိုးမြှင့် ဆန္ဒဖော်ထုတ်သွားမည်ဟု
ဆန္ဒပြဦးဆောင်သူ ဦးအောင်နိုင်ထွန်းက ဖေဖော်ဝါရီ ၅ ရက်တွင် မဇ္ဈိမကို
ပြောသည်။
မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူဟုဆိုသူများက နစ်နာမှုကြေး
ရရှိရန်အတွက် သပိတ်စခန်း ခြောက်ရက်မြောက်နေ့ အထိ ထူးခြားမှုမရှိသေးပေ။
ဦးအောင်နိုင်ဝင်းက “တိကျတဲ့အဖြေမထွက်ဘူးဆိုရင် ဒီဝင်းကြီးကို ဒီလူအင်အားနဲ့ ပိတ်ပြီး ဆန္ဒထုတ်ဖော်သွားမယ်။ မြန်မာ့ဂုဏ်
ရောင်
အိမ်ရာ အနောက်မှာ ကျန်နေတဲ့ မြေကွက်အလွတ်တွေ အများကြီးရှိပါတယ်။
အဲဒီနေရာကို ကိုယ်နေရာကိုယ်ပြန်ယူဖို့အထိ အစီအစဉ်ရှိပါတယ်” ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မာဂုဏ်ရောင်ရပ်ကွက်ကို
ဝါဝါဝင်းကုမ္ပဏီနှင့် ရပ်ကွက်ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်ညွန့်နှင့်
ဦးညွန့်ခင်တို့က ၁၉၉၄ ခုနှစ်တွင် ယင်းရပ်ကွက်မြေနေရာအား တပ်မတော်မှ
စစ်တန်းလျားဆောက်လုပ် ရန် အကြာင်းပြခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက
တပ်မတော်မှ ဘူဒိုဇာဖြင့် ထိုးမည်ဖြစ်၍ ဖယ်ရှားခဲ့ရသည်ဟု ယင်းရပ်ကွက်မှ
ပြောင်းရွှေ့ခံရသူများက ဆိုသည်။
နစ်နာကြေးတောင်းဆိုသည့် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး ဝါဝါဝင်းကုမ္ပဏီပိုင်ရှင် ဦးရွှေကြိုင်က “ဒီကိစ္စကို တည်ဆဲဥပဒေအတိုင်း
ဆောင်ရွက်သွားမယ်”ဟု မဇ္ဈိမ၏ ဖုန်းဖြင့်ဆက်သွယ်မှုကို ပြန်လည် ဖြေကြားသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီက အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်ဦးဌေးဝင်းနှင့် ဆန္ဒဖော်ထုတ်သူတို့ တာမွေမြို့နယ်
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သော်လည်း ထူးခြားသည့်
အဖြေမရရှိခဲ့ကြပေ။ ဇန်နဝါရီ ၃၁ ရက်တွင် အိုးအိမ်က ဒုတိယညွှန်ကြားရေးမှူး၊
တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝါဝါဝင်းကုမ္ပဏီပိုင်ရှင်၏ ညီမတို့က
ဆန္ဒပြသူများကို လာရောက်တွေ့ဆုံခဲ့သော်လည်း တိကျသည့်အဖြေမရရှိခဲ့ပေ။
မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်
ပထမအကြိမ်ဆန္ဒပြခဲ့ပြီး ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက်က
ဒုတိယအကြိမ်ဆန္ဒပြခဲ့သည်။ ပထမအကြိမ် သပိတ်စခန်းကို လူအင်အား ၆ဝဝ ကျော်ဖြင့်
မြန်မာဂုဏ်ရောင်အိမ်ရာရှေ့တွင် ဇန်နဝါရီ ၃ဝ ရက် နံနက် ၈ နာရီက
ဖွင့်လှစ်သည်။
Mizzima

No comments:
Post a Comment