တနင်္ဂနွေသားသမီး ။ ။ လုပ်ငန်းများ အဆင်ပြေမည်။
မင်းစိုးရာဇာတို့ ၏ ကူညီမှု မိတ်ဆွေကောင်း များ၏ ကူညီမှုများကြောင့်
လုပ်ငန်းများ အောင်မြင်မည်။ အတတ်ပညာအိုး အိမ် အဆောက်အဦ အုပ်ချုပ်ရေး
လုပ်ငန်းများအ ထူးအကျိုးပေးသော လဖြစ်သည် ။ ၀င်ငွေကောင်းသော်လည်း ညီအကို
မောင်နှမဆွေမျိုးများ ကြောင့်ငွေကုန်ကျမှု ရှိမည် ။ ငယ်ရွယ်သူများ
အချစ်ရေးနှင့် ပတ်သက်၍ စိတ်ညစ် စရာကြုံ ရမည် ။မိမိ ချ စ်သူသည်
မျက်နှာများသော သူဖြစ်နေ လိမ့်မည် ။ ယခုလအ တွင်းခရီးလုံးဝမ သွားသင့်ပါ ။
ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာ ရတတ်ပါသည် ။
ယတြာ ။။ ။။ မွေးနံဘုရား ၊ ထောင့်တွင် အုန်း (၆)ညွန့် လှုပေးပါ ။
တနင်္လာသားသမီး ။ ။ ယခုလအတွင်း အိုးအိမ် အဆောက်အဦး
လုပ်ငန်းများ ခရီးသွားလုပ် ငန်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများ သတိထား
လုပ်ကိုင်ပါ ။ လုပ်ငန်းများတေ့လွဲ လွဲ နေတတ်ပါသည်။ အလုပ်ကိစ္စနှင့် ခရီးသွား
လျှင် အဆင်မပြေပဲ ငွေကုန်လူပမ်း အကျိုး မရှိဖြစ်လိမ့်မည် ။ ဖခင်ကျ
မ္မာရေး ဂရုစိုက်ပေးပါ ။ ငွေဝင်မလိုနှင့် မ၀င်ပါ ။ငွေချေးပြီး ပြန်မဆပ်
သူများကြောင့် စိတ်သောကရောက်ရတတ်သည် ။ ငယ် ရွယ်သူများ အချစ်ရေး
ကံကောင်းပါသည် ။ စိတ်အလိုလိုက်လျှ င် အိမ် ထောင်ကျ သွားနိုင်ပြီး
စိတ်ညစ်စရာ ကြုံ ရမည် ။ ညာဖက်ခြေထောက် ထိခိုက်ဒဏ်ရာရ တတ်ပါသည် ။ သတိထားပါ ။
ယတြာ ။ ။။ ။ မွေးနေ့  နံက် (၁၀) နာရီတိတိတွင် ကျောက်ကျော (၁၅)တုံးအား ကြွေပုဂံပြားနှင့်ထည့်ပြီ ဘုရားကိုမုန့် ဆွမ်းလှုပေးပါ။
အင်္ဂါသားသမီး ။ ။ ဆန် ဆီ ဆေး စက်ပစ္စည်း စက်မှု
လုပ်ငန်းများတိုးချဲ့ နိုင်ပါသည်။ ၀န်ထမ်းဖြစ်ပါက အထက်လူကြီးနှင့်သတိထား
ပြောဆို လုပ်ကိုင်ပါ။ တနင်္လာ စနေ သားသမီးများနှင့် လုပ်ငန်းတွဲစပ်
မလုပ်ပါနှင့် ။ ငွေကြေး ချေးငှား ခြင်းမလုပ်ပါနှင့် စိတ်ညစ်ရလိမ့်မည် ။
ငယ်ရွယ်သူ များ ချစ်သူ၏ အထင်လွဲ ခြင်းခံရတတ်ပါသည် ။ နိုင်ငံခြားခရီးသွား
မည့်သူများ ယခုလအတွင်း အဆင်ပြေလိမ့်မည်။ ရွှေ အထားမှားပြီး ပျောက်
တတ်ပါသည် ။ ဒူးနာရောဂါ ၀မ်းနှင့်ပတ်သက်သော ရောဂါ များ ခံစားရတတ်သည် ။
ယတြာ ။။ ။ ။ မွေးနေ့ တိုင်း စာကလေးများအား ဆန်ကွဲကျွေးပေးပါ ။
ဗုဒ္မဟူးသား သမီး။ ။ ။ ယခုလအတွင်း
လုပ်ငန်းအသစ်များတိုးချဲ့ နိုင်ပါသည်။ ကားကျောက် ငွေကြေး ကွန်ပျူ တာ
အိုးအိမ် အဆောက်အဦ လုပ်ငန်းလုပ်သူများ သတိထားလုပ်ကိုင်ပါ။
ကျန်လုပ်ငန်းများ အဆင်ပြေပါသည်။ ငွေကြေး နှင့်ပတ်သက်ပြီး ဂတိမတည်သူမျ
ားကြောင့် စကားများရလိမ့်မည် .။ မင်းစိုးရာဇာ ။ ကြာသပတေးသားသမီးများကြောင့်
လုပ်ငန်းများအဆင် ပြေပြီး ငွေဝင်မည် ။ ၀န်ထမ်းများ အလုပ်အကိုင်အပြောင်း
အရွှေ့  ဖြစ်မည်။ ငယ်ရွယ်သူများ အောင်သွယ်ကောင်းမှု ကြောင့် ချစ်သူရ လိမ့်မည်
။ အဖေါ်လိုက်သောခရီးမျိုးသွားရလိမ့်မည် ။
ယတြာ ။။ ။ အိမ်နားမှ ကလေးများအား လိမ်မော်သီးဝေပေးပါ ။
ကြာသပတေး သားသမီး။ မင်းစိုးရာဇာ ။
မိတ်ဆွေများ၏ကူညီမှုကြောင့် လုပ်ငန်းများ တိုးတက် အောင်မြင်မည် ။ ပညာရေး
ပညာပေး စာပေ စာအုပ်လုပ်ငန်းများ ငွေကြေး ကား ကျောက် ခြံ လုပ်ငန်းများ
အိုးအိမ် အဆောက်အအုံ လုပ်ငန်းများ အထူးအကျိုးပေးမည် ။
ပညာရေးနှင့်ပတ်သက်၍ ကောင်းသတင်းကြားရလိမ့်မည် ။ ၀န်ထမ်းများ ရာထူးတိုးခြင်း
။ အ ထက်လူကြီး၏ အရေးပေးခြင်းခံရလိမ့်မည် ။ မမျှော်လင့်ပဲငွေဝင်ပါက ၅ ၁ ၄ ၂
ဂဏန်းများနှင့်ထီထိုးပေးပါ ။ ငယ်ရွယ်သူများ အထူး
မျက်နှာပွင့်သည့်ယဖြစ်ပါသည် ။ ယောကျာင်္းလေးများ ချစ်သူနှစ်ယောက် ရခြင်း။
မိန်းကလေးများ ချစ်သူနှစ်ယောက်ချစ်ရေးဆိုခြင်းခံရလိမ့်မည်။
ယတြာ ။ ။ ။ ။ မိဘနှစ်ပါးအား မုန့် ပုံးဝယ်ပြီးကန်တော့လိုက်ပါ။
သောကြာသားသမီး။ ။ ယခုလအတွင်း သံ သဲ သွပ်
ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်းများ မမျှော်လင့်ပဲ အဆင်မပြေမှုကြုံ
ရနိုင်ပါသည်။ ငွေကုန်များပြီး စိတ်ညစ် ရမည့်ခရီးမျိုးသွားရတတ်သည် ။
ခရီးမသွားပဲနေလျှင်ပိုကောင်းပါသည် မမျှော်လင့်ပဲ
မင်းအစိုးရပတ်သက်မှုကြောင့် အမှုဖြစ်ခြင်း တရားရင် ဆိုင်ရတတ်ပါသည်
။အောက်လက်ငယ်သားတော်လှန်ခြင်း ငွေလက် လွန်ခြင်း ကြွေးတင်ခြင်းစသည့်
ငွေကြေးပြသနာများလည်းတွေ့ ကြုံ ရနိုင်ပါသည် ။ ငယ်ရွယ်သူများ ချစ်သူ၏
ဟန်ဆောင်လှည့်ဖျားခြင်း ခံ ရတတ်ပါသည် ။ ဒူးနာခြင်း ၀မ်းဗိုက်အောင့်ခြင်း
အစားမှားခြင်းများ ခံစားရလိမ့်မည် ။
ယတြာ ။ ။ မိမိ၏လုံချ ည် အင်္ကျီ အဟောင်းကိုတစ်ည ၀တ်အိပ်ပြီးရေသို့ မျှောပေး ပါ။
စနေသားသမီး ။ ။ ။ အလုပ်အကိုင်များ
အဆင်ပြေမလိုနှင့်မပြေခြင်း တေ့လွဲ လွဲ ခြင်းများ တွေ့ ကြုံ နေမည်။
မိမိလုပ်ငန်းများ ဌာနဆိုင်ရာများကြောင့် စိတ်အနည်း ငယ်အနှောက်အယှက်ဖြစ်မည်
။ငွေဝင်မလိုနှင့်မ၀င်ခြင်း ငွေဝင်သော် လည်း ထင်သလောက်မ၀င်ခြင်း များကြုံ
တွေ့ ရမည် ။ ထီး နာ၇ီ ဖိနပ် လုပ်ငန်းများအရှုံးပေါ်လိမ့်မည် ။
ထီပေါက်သော်လည်း ထီလက် မှတ်ပျောက်ကိန်း မျိုးကြုံ တွေ့ ရနိုင်ပါသည် ။
စကားမမှန်သော အောက် လက်ငယ်သားများကြောင့် ပြသနာများ ဖြေရှင်းပေးရလိမ့်မည် ။
ငယ်ရွယ် သူများ ချစ်သူရှိခဲ့လျှင် မိမိချ စ်သူသည် မျက်နှာများလိမ့်မည် ။
နှစ်ယောက် ထားလိမ့်မည် ။ ယခုလအတွင်း ခရီးသွားခြင်းကိုရှောင်ပါ ။ သောကြာ
သားသမီးကို သတိထားပေါင်းပါ ။
ယတြာ ။ ။ အိမ်က ဘုရားတွင် မွေးနေ့ တိုင်း နာနတ်သီး (၇)စိပ်နှင့် နွားနို့ တစ်ခွက် လှုပေးပါ ။
Yoyarlay
No comments:
Post a Comment