Sunday, February 23, 2014

ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေနှင့် ဆန္ဒပြသူတွေကြား ပဋိပက္ခပြင်းထန်ခဲ့တဲ့မြို့မှာ လုံခြုံရေးအင်အားတိုး

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေပြင်းထန်ခဲ့တဲ့ ဆန်ခရစ်တိုဘလ်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဗင်နီဇွဲလားအစိုးရက လုံခြုံရေးတပ်အင်အားတွေ စေလွှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလဆန်းက စတင်ခဲ့တဲ့ သမတ မာဒူရို နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတွေမှာ ဆန်ခရစ်တိုဘလ်မြို့ကို စစ်ပွဲဇုံလို့ မြို့ခံတွေက သတ်မှတ်ခဲ့ကြပါတယ်။ ဆန္ဒပြကျောင်းသားတွေနဲ့ လုံခြုံရေးတွေအကြား အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းတွေလည်း ဖရိုဖရဲဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်ကို စေလွှတ်ရတာဖြစ်တယ်လို့ ဆိုပေမယ့် ဆန်ခရစ်တိုဘလ်မြို့ဝန်က ဒယ်နီရယ် စီဘောလို့စ် ကတော့ အခုလို စစ်တပ်တွေ စေလွှတ်တာကို ပြစ်တင်ရှုတ်ချပါတယ်။
အစိုးရမှာ သွားရောက်အဖမ်းခံခဲ့တဲ့ အတိုက်အခံခေါင်းဆောင် လီယိုပေါ်ဒို လိုပတ်စ်က ဆန္ဒပြသူတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ဆန္ဒပြတောင်းဆိုဖို့၊ အရှုံးမပေးဖို့ ထောင်ထဲကနေ စာရေးတိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတ၀ှမ်း ဆန္ဒပြပွဲတွေဟာ ၁၀ လ သက်တမ်းပဲ ရှိသေးတဲ့ သမ္မတ မာဒူရိုအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာပြီး ဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက ဖြိုခွင်းခဲ့အပြီး လူအနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

DVB

No comments:

Post a Comment