Wednesday, February 19, 2014

မြန်မာဟာ အာရှဒေသ ဆွဲဆောင်မှုအရှိဆုံးနိုင်ငံ ဖြစ်လာနိုင်

 နိုင်ငံခြားသားခရီးသည် အ၀င်များနေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ မကြာမီ အာရှဒေသတွင်း ဆွဲဆောင်မှုအရှိဆုံးနေရာတခု ဖြစ်လာနိုင်တယ်လို့ စင်ကာပူအခြေစိုက် Sphere Conferences ရဲ့ ဥက္ကဋ္ဌ မစ္စတာ ချူဝီဖေါင်း  (Mr. Chua WeePhong)က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ပထမအကြိမ် မြန်မာ့ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်းနဲ့ ခရီးသွားလာရေး လုပ်ငန်း ကုန်စည်ပြပွဲနဲ့ ဖွင့်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

အဲဒီပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က လည်း ၂၀၁၃ မှာ ခရီးသည် ၂ သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၂ နဲ့ နှိုင်းရင် ရာခိုင်နှုန်း ၉၀ ကျော် တိုးတက်လာ တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ အစည်းအဝေးတွေနဲ့ ကွန်ဖရင့်တွေ ဆက်ပြီး ကျင်းပဖို့ ရှိနေပါသေးတယ်။

DVB

No comments:

Post a Comment