Monday, December 16, 2013

ထိုင်း​စစ်​တပ်​ကေ​ရွး​ကောက်​ပွဲ ​ကျင်း​ပ​မယ့်​အ​စီ​အ​စ​ဉ်​ကို ​ထောက်​ခံ

ထိုင်း​စစ်​တပ်​ကေ​ရွး​ကောက်​ပွဲ ​ကျင်း​ပ​မယ့်​အ​စီ​အ​စ​ဉ်​ကို ​ထောက်​ခံ​လိုက်​တဲ့​နောက်​မှာ ​မြို့​တော်​ဘန်​ကောက်​က ​အ​စိုး​ရ​အိမ်​တော်​နား​မှာ  ​ဆ​န္ဒ​ပြ​သ​မား​တွေ ​ဆက်​ပြီး ​စ​ခန်း​ချ​နေ​ပါ​တယ်။

ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဆူ​သက် ​သောင်း​စု​ဘန် ​တက်​ရောက်​တဲ့ ​ဒီ​ဇင်​ဘာ ၁၄ ​ရက်​နေ့ ​အ​စည်း​အဝေး​မှာ ​ထိုင်း​စစ်​ဦး​စီး​ချုပ်​က ​ဖေ​ဖော်ဝါ​ရီ ၂ ​ရက်​နေ့​မှာေ​ရွး​ကောက်​ပွဲ ​ကျင်း​ပ​မယ့် ​အ​စီ​အ​စ​ဉ်​ကို ​ထောက်​ခံ​တဲ့​အ​ကြောင်း ​ပ​ထ​မ​ဆုံး ​ထုတ်​ပြော​ခဲ့​ပါ​တယ်။
အ​စိုး​ရ​ကို ​ဖြုတ်​ချ​ဖို့ ​ကြိုး​စား​နေ​တဲ့ ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင်​တွေ​က ​သူ​တို့ ​အ​စီ​အ​စ​ဉ်​တွေ​ကို ​တင်​ပြ​ခဲ့​ပေ​မ​ယ့် ​စစ်​တပ်​က ​ကြား​နေ​အ​ဖြစ်​ပဲ ​ရပ်​တည်​ခဲ့​ပါ​တယ်။
၂ ​နာ​ရီ​ကြာ​တဲ့ ​အ​စည်း​အဝေး​အ​ပြီး​မှာ ​စစ်​ဦး​စီး​ချုပ်​က ​ကြား​ဖြတ်ေ​ရွး​ကောက်​ပွဲ​ကို ​ပွ​င့်​လင်း​မြင်​သာ​တဲ့ ​အ​ခြေ​အ​နေ​နဲ့ ​ကျင်း​ပ​ဖို့​၊ ​အ​ကယ်​၍ ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဆူ​သက်​က ​စိုး​ရိမ်​နေ​ရင်ေ​ရွး​ကာက်​ပွဲ ​ကျင်း​ပ​ဖို့​အ​တွက် ​ကြား​ကော်​မ​တီ​တ​ရပ် ​ဖွဲ့​စည်း​ဖို့ ​ဆွေး​နွေး​ခဲ့​တယ်​လို့ ​စစ်​ဦး​စီး​ချုပ်​က ​ပြော​ပါ​တယ်။
ဆူ​သက်​က ​စစ်​တပ်​က ​တင်​ပြ​တာ​ကို ​လက်​မ​ခံ​ဘဲ ​ကြား​ဖြတ်ေ​ရွး​ကောက်​ပွဲ​ကို ​ပြု​ပြင်​ပြောင်း​လဲ​ရေး​တွေ ​လုပ်​ပြီး​၊ ​ပြည်​သူ့​အ​စိုး​ရ ​ဖွဲ့​စည်း​ပြီး​တဲ့​နောက်​ပိုင်း​မှ ​ကျင်း​ပ​ဖို့ ​ဆက်​တောင်း​ဆို​နေ​ပါ​တယ်။
ဒီ​ဇင်​ဘာ ၉ ​ရက်​က ​လူ​ပေါင်း ၁ ​သိန်း ၆ ​သောင်း​လောက်​က ​အ​စိုး​ရ​အိမ်​တော်​က ၀န်​ကြီး​ချုပ်​ရုံး​ကို ​မ​သိမ်း​မီ​လေး​တင်​က​ပဲ ​ထိုင်း​၀န်​ကြီး​ချုပ် ​ယင်း​လပ် ​ရှင်​နာဝပ်​က ​ကြား​ဖြတ်ေ​ရွး​ကောက်​ပွဲ ​ကျင်း​ပ​ဖို့ ​ကြေ​ညာ​ခဲ့​ပါ​တယ်။ ​လွှတ်​တော်​ကို ​ဖျက်​သိမ်း​ခဲ့​ပေ​မယ့် ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ရဲ့ ​တင်း​မာ​မှု​တွေ​က​တော့ ​လျော့​ကျ​မ​သွား​ပါ​ဘူး​။

 by dvb

No comments:

Post a Comment