ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၅)ရပ်ကွက်
ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ်၁၀၃/၃ နှင့် ၁၀၃/၄ လေပင်ဆိပ်တံတားအနီး
ဇန်နဝါရီ ၁၉ ရက် ည၉ နာရီခွဲက အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြိုးကြာကွင်းကျေးရွာ
အုပ်စု ငှက်ပျောတောကျေးရွာနေ ဦးကျော်အေးသည် ဇန်နဝါရီ၁၉ ရက်က
နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မပုံပုံ(ခ) မသဇင်မျိုးမျိုးထွေး (၃၀နှစ်)သည်
ခရီးသွားရာမှ ပြန်လည် ရောက်ရှိလာခဲ့ပြီး ည ၉ နာရီခွဲ ခန့်တွင် နေအိမ်မှ
အပြင်သို့ ပြန်လည် ထွက်သွားခဲ့သည်။
ည ၁၀ နာရီခွဲတွင် သမီးဖြစ်သူ မပုံပုံ(ခ) မသဇင်မျိုးမျိုးထွေးသည်
ညောင်လေးပင်မြို့၊ မြို့မ (၅)ရပ်ကွက် လေပင်ဆိပ်တံတားအနီး ကားလမ်းမပေါ်တွင်
ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ
တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့် ဖခင် ဦးကျော်အေးက လူသတ်မှု
ကျူးလွန်သူအား အရေး ယူပေးပါရန် ညောင်လေးပင်ရဲစခန်းသို့ တိုင်ကြားခဲ့သည်။
သို့ ပါ၍ ညောင်လေးပင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်လွင်နှင့်
တာဝန်ရှိ သူများ သွားရောက်စစ်ဆေးရာ အလောင်းကို ရဲဆေးစာဖြင့်
ဆေးရုံသို့ပို့ဆောင်ပြီး ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ခဲ့သည်။
အမှုကို ညောင်လေးပင် မြို့မ ရဲစခန်းကအမှုဖွင့်ကာ ထွက်ပြေး တိမ်းရှောင်သွားသော
လူသတ်မှု ကျူးလွန်သူအား အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်သတင်းရယူ၍
လိုက်လံရှာဖွေစုံစမ်းရာ ဇန်နဝါရီ ၂၀ ရက်တွင် လူသတ်မှု ကျူးလွန်သူ
မြင့်လွင်(၅၁ နှစ်) ယာဉ်မောင်း (၁)ရပ်ကွက် မင်းရဲကျော်စွာလမ်း
ရေတာရှည်မြို့နေ သူအား သာဂရမြို့တွင် ဖမ်းဆီး
ရမိသဖြင့်တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သိရသည်။
MOI Webportal Myanmar

No comments:
Post a Comment